ကျောက်ဖြူမြို့၌ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)မှ ရုံးသစ်ဖွင့်လှစ်


ရခိုင်ဂေဇက် ၊ဒီဇင်ဘာ ၂၈

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ ကျောက်ဖြူမြို့ နယ်​ ပါတီရုံးကို ​ကျောက်​ဖြူမြို့နယ်​၊ စေတီတောင်ရပ်ကွက်၊ ခေမာလမ်းအမှတ် (၃၈၇)တွင် ယနေ့ဒီဇင်ဘာလ ၂၈ရက်နေ့ နံနက် ၈နာရီခွဲက ဖွင့်လှစ်လိုက်ကြောင်းရခိုင်​ဒီမိုက​ရေစီ အဖွဲ့ချုပ်​ အ​ထွေ​ထွေ အတွင်း​ရေးမှူးထံမှ သိရသည်။

“အခုရုံးဖွင့်ရတာဟာ ရခိုင်ဒီမိုက​ရေစီအဖွဲ့ချုပ်ရဲ့ တတိယအကြိမ်မှတ်ပုံတင်ပြီးတော့ ရခိုင်ပြည်မှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေ၊ ဒေသခံပြည်သူတွေရဲ့လိုအပ်ချက်တွေကို ပါတီအနေနဲ့ ဘာလုပ်ပေးရမလဲ၊ ရှေ့ကိုဘယ်လိုမျိုးစီမံကိန်းတွေနဲ့ ရှေ့ဆက်ရမလဲဆိုတာကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ရခိုင်ပြည်နယ်မှာရှိနေတဲ့ ပါတီဝင်တွေကလည်း အခါအားလျော်စွာကွင်းဆင်းဆောင်ရွက်နေပါတယ်။ တစ်ဆက်တည်းမှာပင် ပါတီရုံးတွေကို ဖွင့်လှစ်နေတဲ့ အချိန်လည်းဖြစ်ပါတယ်။ ”ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချူပ်၏ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ရခိုင်ဂေဇက်သို့ ပြောသည်။

ရခိုင်ဒီမိုက​ရေစီ အဖွဲ့ချူပ် ပါတီ ၏ ဗဟိုရုံးချုပ်​ကို ကျောက်တော်မြို့၌ ဖွင့်​လှစ်​ထားရှိပြီးဖြစ်​ကာ တောင်ကုတ်မြို့နယ်​ ရမ်းဗြဲမြို့နယ်​၊ ကျောက်ဖြူမြို့နယ်​တို့တွင်​ရုံးခွဲများကို အသီးသီးဖွင့်လှစ်ထားပြီးဖြစ်​ကာလာမည့် ဇန်နဝါရီလပထမအပတ်တွင် ပေါက်တောမြို့နယ်​ ၌ ရုံးခွဲဖွင့်လှစ်သွားမည်ဖြစ်
ကြောင်းလည်း သိရသည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချူပ် ALD ပါတီကို ကြေညာချက် အမှတ် (၁၈/၂၀၁၇) အရ နိုင်ငံရေးပါတီ မှတ်ပုံတင်အမှတ် (၁၀၃) ဖြင့် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် တရားဝင်နိုင်ငံရေးပါတီအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသီးသီး တည်ထောင်ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၌ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၁၇ဦး၊ ဗဟိုကော်မတီဝင် ၃၁ ဦးဖြင့် ဖွဲ့စည်းထားပြီး ပါတီ၏ ဥက္ကဋ္ဌမှာ ဦးကျော်မြင့် ဖြစ်​ကြောင်းသိရသည်​။

လင်းလက်ခန့် (လခြမ်းမြေ)
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
ကျောက်ဖြူမြို့၌ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)မှ ရုံးသစ်ဖွင့်လှစ် ကျောက်ဖြူမြို့၌ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)မှ ရုံးသစ်ဖွင့်လှစ် Reviewed by THITHTOOLWIN on 16:24 Rating: 5
Powered by Blogger.