မောင်တောတွင် WY စာတန်းပါ စိတ်ကြွဆေးပြား ၉၇၅၀၀၀ ဖမ်းဆီးရမိ

ဓာတ်ပုံ - မောင်တောခရိုင်ရဲတပ်ဖွဲ့
စစ်တွေ၊ နိုဝင်ဘာ ၁၇

ရခိုင်ပြည်နယ် မောင်တောမြို့ပေါ်တွင် WY စာတန်းပါ စိတ်ကြွဆေးပြား ၉၇၅၀၀၀ ကိုဖမ်းဆီးရမိသည် ဟု မောင်တောခရိုင် ရဲမှူးက ပြောကြားသည်။

“ နေရာ ၂ နေရာကနေ ဖမ်းမိတာပါ။ စုစုပေါင်း ဆေးပြား ၉၇၅၀၀၀ ပြားဖြစ်ပါတယ်။ တန်ဖိုးအားဖြင့်ဆိုရင် ကျပ်သိန်းပေါင်း ၁၉၅၀၀ ဖိုးရှိပါတယ်” ဟု ပြောသည်။

၎င်းဆေးပြားများကို နိုဝင်ဘာလ ၁၇ ရက်နေ့  နေ့လယ် ၂နာရီခွဲခန့်တွင် အန်နာယော့တူလာ အသက်(၂၅နှစ်)၏ ကုန်စုံဆိုင်အား ၀င်ရောက်ရှာဖွေရာ ခရီးဆောင်အိတ်၂ အိတ်အတွင်းမှ WY ဆေးပြား(၂၉၂၅၀၀ ပြား) ဖမ်းဆီးရမိရရှိခဲ့သည်။

သတင်းအရ ဆက်လက်လက်ရှာဖွေရာ ညနေ ၃ နာရီခန့်တွက် ဆက်တိုက်ရှာဖွေရာ အီးနူးစ်၏ ဂိုဒေါင်မှ ခရီးဆောင်အိတ် ၆ အိတ်အတွင်းမှ WY ဆေးပြား( ၆၈၂၅၀၀ ပြား) ဖမ်းဆီးရခဲ့ကြောင်း မောင်တော ခရိုင်မှူးက ဆက်လက် ပြောကြားသည်။

“ လူနှစ်ဦးဖမ်းဆီးထားပါတယ်။ နှစ်ဦးလုံးက ဘင်္ဂလီလူမျိုးတွေပါ” ဟု ပြောကြားသည်။

၎င်းမူးယစ်ဆေးဝါးများကို သတင်းအရ မောင်တော ခရိုင်ရဲမှူး ဥာဏ်ဝင်းဦးနှင့် ခရိုင်ရုံးမှ ရဲအုပ်အောင်သူရ ဦးဆောင်ပြီး မောင်တော အရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်းကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့တွင်လည်း ဘူးသီတောင်မြို့တွင် စိတ်ကြွဆေးပြား ၉၇၅၀၀၀ ကို ဖမ်းမိ ရရှိခဲ့သည်။

မဘုကေ
Narinjara
https://www.facebook.com/Narinjara
မောင်တောတွင် WY စာတန်းပါ စိတ်ကြွဆေးပြား ၉၇၅၀၀၀ ဖမ်းဆီးရမိ မောင်တောတွင် WY စာတန်းပါ စိတ်ကြွဆေးပြား ၉၇၅၀၀၀ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:18 Rating: 5
Powered by Blogger.