UNFC အဆိုပြုချက် ၆ချက် သဘောတူညီမှုရရှိထားကြောင်း ထုတ်ပြန်

နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) နဲ့ ငြိမ်းချမ်းရေးကော်မရှင် (PC) တို့ (၈) ကြိမ်မြောက် ဆွေးနွေးပွဲ ကျင်းပစဉ်။ Photo: UNFC - Burma's facebook
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးရေးအတွက် UNFC ဘက်က အဆိုပြုထားတဲ့ အချက် ၈ ချက်ထဲက အချက် ၆ ချက်ကို သဘောတူညီမှုရရှိပြီးဖြစ်တယ်လို့ UNFC က ဒီနေ့ ထုတ်ပြန်ပါတယ်။

UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) နဲ့ ငြိမ်းချမ်းရေးကော်မရှင် PC တို့ရဲ (၈) ကြိမ်မြောက် တရားဝင်တွေ့ဆုံဆွေးနွေးပွဲကို ဒီနေ့ ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးဗဟိုဌာနရုံးမှာ တွေ့ဆုံဆွေးနွေးပြီးနောက် ညနေပိုင်းမှာ UNFC က ထုတ်ပြန်တာဖြစ်ပါတယ်။

အဆိုပြုချက် (၃) ကနေ (၈) အထိ သဘောတူညီမှုရရှိထားပြီး အဆိုပြုချက် (၁) နဲ့ (၂) တို့ကို ငြိမ်းချမ်းရေး ကော်မရှင်ဘက်က ပြန်လည်ပြင်ဆင်ဖို့လိုလားတာကြောင့် မနက်ဖြန်မှာ  ဆက်လက်ဆွေးနွေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

UNFC အဆိုပြုချက် ၈ချက်ထဲမှာ အစိုးရနဲ့ တပ်မတော်က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို စတင်ကြေညာဖို့၊ ၂၁ ရာစု ပင်လုံညီလာခံကနေ ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်တွေအပေါ် အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ဥပဒေတွေကို ရေးဆွဲပြဌာန်းဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒီတစ်ကြိမ်မှာ သဘောတူညီမှုအားလုံးရရှိရင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်ရပ်စဲရေးစာချုပ် NCA လက်မှတ် ရေးထိုးဖို့ နှစ်ဖက်စလုံးက အစီအစဉ် ပြန်လည်ရေးဆွဲဦးမှာဖြစ်တယ်လို့ ပါရှိပါတယ်။

DPN နဲ့ PC တို့ တစ်နှစ်ကျော်ကြာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေတာဖြစ်ပြီး ဒီတစ်ကြိမ်ဆွေးနွေးပွဲဟာ (၈) ကြိမ်မြောက်ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ