ပါကစ္စတန်နိုင်ငံ Quetta မြို့တွင် ပေါက်ကွဲမှုဖြစ်ပွား၊ လူ ၄ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရ

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Quetta မြို့ ပေါက်ကွဲမှုတွင် ဒဏ်ရာရသူနှင့် ကယ်ဆယ်ရေးသမားများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
 အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

    ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Quetta မြို့တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၄ ဦး သေဆုံးပြီး အခြားသူ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူများအနက် အမျိုးသမီးများနှင့် ကလေးများ ပါဝင်ကြောင်း ဒေသတွင်း သတင်းများက ဖော်ပြထားသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာသည် ယင်းမြို့ရှိ ဘတ်စ်ကားမှတ်တိုင် တစ်ခုနှင့် နီးကပ်စွာတည်ရှိပြီး ဒဏ်ရာရသူအချို့မှာ စိုးရိမ်ဖွယ် အခြေအနေတွင်ရှိကြောင်း သတင်းများအရ ဆိုသည်။သတင်းများ အဆိုအရ တိုက်ခိုက်မှုသည် ရဲတပ်ဖွဲ့ မော်တော်ယာဉ်များအား ပစ်မှတ်ထားခြင်း ဖြစ်ကြောင်း၊ အသေခံ ဗုံးခွဲတိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။အခင်းဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေးသမားများနှင့် ဒေသခံ ရဲတပ်ဖွဲ့များ ရောက်ရှိခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ပါကစ္စတန်နိုင်ငံ Quetta မြို့တွင် ပေါက်ကွဲမှုဖြစ်ပွား၊ လူ ၄ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရ ပါကစ္စတန်နိုင်ငံ Quetta မြို့တွင် ပေါက်ကွဲမှုဖြစ်ပွား၊ လူ ၄ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 19:28 Rating: 5
Powered by Blogger.