ဆတ်​​သေ ကထိန်​ပွဲကျင်ပေ​နစဉ် ​PNA ဗိုလ်​​လေးသိန်းတိုးက အရက်​မူးပြီး ရွာသား​ကို ​သေနတ်​ဖြင့်​ ပစ်​ခတ်​မှုဖြစ်​ပွား


ရပ်​​စောက်​မြို့နယ်​ ယမ်းတွင်​ငါး​ကြောင်​​ကျေးရွာအုပ်​စု ဆတ်​​သေ ကထိန်​ပွဲ ​နောက်​ဆုံးည နိုဝင်​ဘာ ၂ရက်​မနက်​ ၁နာရီ​ကျော်​ခန့်​တွင်​ PNA ပြည်​သူ့စစ်​အဖွဲ့မှ ဗိုလ်​​လေးသိန်းတိုးက အရက်​မူးပြီး ပစ္စတို ​သေနတ်​ဖြင့်​ ရွာသားကို ပစ်​ခတ်​မှုဖြစ်​ပွားရာ နှစ်​ဦး ဒဏ်​ရာရရှိခဲ့​ကြောင်း သိရသည်​။

ခွန်​​နွေဦးက ဆီးခုံအ​ပေါ် ဒဏ်​ရာရရှိပြီး ခွန်​နိုင်​ဦးက ညာဘက်​နဖူးကို ​သေနတ်​ ဒဏ်​ရာရရှိထား​ကြောင်းသိရပါတယ်​။

ဖြစ်​စဉ်​မှာ ဆတ်​​သေရွာသား ခွန်​​နွေဦးသည်​ ရွာက အပျို လူပျိုများနှင့်​အတူ ဆတ်​​သေ ကထိန်​ပွဲတွင်​ လာ​ရောက်​ဧည့်​ခံ​ဖျော်​​ဖြေ​သော ​အောင်​မာဃ ဇာတ်​သဘင်​ကို ကြည့်​ရှု​နေစဉ်​ တစ်​ချို့အပျိုများက အိပ်​ချင်​ပြီဖြစ်​​သည့်​အတွက်​ အိမ်​ပြန်​လိုက်​ပို့ရန်​ ​ပြောရာမှ လိုက်​ပို့စဉ်​အတွင်း အရက်​မူး​နေ​သော PNA ပြည်​သူ့စစ်​အဖွဲ့မှ ဗိုလ်​​လေးသိန်း တိုး ဆိုသူသည်​ ရန်​ငြိးရန်​စမရှိဘဲနှင့်​ ​အ​ကြောင်းအရင်းမသိ ​သေနတ်​ဖြင့်​ ပစ်​ခတ်​ခဲ့ခြင်းဖြစ်​​ကြောင်း ဆတ်​​သေရွာ ​ဈေးကုန်းရပ်​​နေခွန်​​နွေဦး နှင့်​ လုတ်​ခဲုင်းရွာ​နေ ခွန်​နိုင်​ဦးတို့ ဒဏ်​ရာရရှိခဲ့​ကြောင်းသိရသည်​။

``အရက်​မူးပြီးပစ်​တာ ၊ ကထိန်ပွဲ ​​ကျောင်းဝင်းထဲမှာက အရက်​​သောက်​ခွင့်​မရှိဘူး အပြင်​မှာ​သောက်​တာ။ ​နွေဦးက တစ်​ရွာထဲ အပျို​တွေ အိပ်​ချင်​ပြီဆိုလို့ အိမ်​ပြန်​လိုက်​ပို့​ပေးရင်း အပစ်​ခံရတာ၊ ဗိုလ်​​လေးသန်းတိုးဆိုတဲ့လူက ​​သေနတ်​ပစ်​ပြီး ထွက်​ပြေးသွား​တော့ ဘယ်​ကို​ပြေးတာလည် မသိ​သေးဘူး၊ လုတ်​ခဲုင်းရွာသားတစ်​​ယောက်​ကိုညာနဖူးကိုထိတယ်​၊´´ဟု ဆတ်​​သေ​ဒေသခံ ခွန်​သိန်းထီက ​ပြောသည်​။

ဤကိစ္စနှင့်​ပတ်​သက်​ပြီး PNA အသွင်​​ပြောင်း ပြည်​သူ့စစ်​ဌာနချုပ်​ တာဝန်​ရှိသူ ဒုဗိုလ်​မှူးကြီး ​အောင်​သန်းကို ဆက်​သွယ်​​မေးမြန်းရာ ``ကျွန်​​တော်​တို့ဆီ​တော့ သတင်းမ​ရောက်​​သေးဘူး၊ ဥပ​ဒေအတိုင်း အ​ရေးယူသွားမယ်​၊ အ​ရေးယူမှရမယ်​ ၊ လက်​နက်​က ပြည်​သူကိုကာ ကွယ်​ဖို့​လေ ပြည်​သူကို အနိုင်​ကျင့်​ဖို့မဟုတ်​ဘူး၊ ဘယ်​​နေရာ​ရောက်​​ရောက်​ ပြန်​လိုက်​ဖမ်းရမယ်​ လုံးဝတာဝန်​ပြန်​ယူရမယ်​၊ လိုအပ်​သလို အ​ရေးယူသွားမယ်​´´ဟု ​ပြောသည်​။

ဒဏ်​ရာရသူ ခွန်​​နွေဦးကို ​တောင်​ကြီး စစ်​စံထွန်း​ဆေးရုံသို့ ပို့​ဆောင်​ထားပြီး ခွန်​နိုင်​ဦးက ရွာတွင်​ကုသ​ပေး​နေ​သေး​ကြောင်းသိရသည်​။

ဆတ်​​သေ​ဒေသတွင်​ ဥပ​ဒေ မဲ့ပြုလုပ်​မှု မကြာခဏကြုံ​တွေ့​နေရသလို ခြိမ်း​ခြောက်​မှုအမျိုးမျိုးလည်းကြုံရ​ကြောင်းသိရသည်​။

ထို့အပြင်​ဆတ်​​​သေ​ရွာလမ်းကို အသုံးပြု​မောင်းနှင်​​နေ​သော ​မှောင်​ခို သစ်​ကားများသည်​လည်း ရွာအပြင်​ဖက်​ မ​မောင်းပဲ ရွာထဲက ရွာသား များကိုယ်​ထူကိုယ်​ထ ခင်းထား​သော လမ်းကိုအသုံးပြု​မောင်းနှင်​ခြင်း​ကြောင့်​ လမ်းများပျက်​ဆီးရပြီး အထက်​ကို တိုင်​တန်း​သော်​လည်း ထိထိ​ရောက်​​ရောက်​ အ​ရေးယူ​ပေးခြင်းမရှိပဲ ရွာသားများကို သစ်​​မှောင်​ခိုကားများမှ ခြိမ်း​ခြောက်​ခြင်းလည်း ရှိ​ကြောင်းသိရသည်​။

ခွန်​ယံ
The People's Voice - ခမ်းသားငေါဝ်း
https://www.facebook.com/KhamSarNgor
ဆတ်​​သေ ကထိန်​ပွဲကျင်ပေ​နစဉ် ​PNA ဗိုလ်​​လေးသိန်းတိုးက အရက်​မူးပြီး ရွာသား​ကို ​သေနတ်​ဖြင့်​ ပစ်​ခတ်​မှုဖြစ်​ပွား ဆတ်​​သေ ကထိန်​ပွဲကျင်ပေ​နစဉ် ​PNA ဗိုလ်​​လေးသိန်းတိုးက အရက်​မူးပြီး ရွာသား​ကို ​သေနတ်​ဖြင့်​ ပစ်​ခတ်​မှုဖြစ်​ပွား Reviewed by THITHTOOLWIN on 09:50 Rating: 5
Powered by Blogger.