အမေရိကန် နိုင်ငံ လေတပ် တပ်ဖွဲ့ က ဆိုမာလီယာ နိုင်ငံ အတွင်းရှိ IS အစွန်းရောက် တပ်ဖွဲ့ဝင် များအား ဗုံးကျဲ တိုက်ခိုက်

အမေရိကန် နိုင်ငံ လေတပ် တပ်ဖွဲ့ မှ B-1 ဗုံးကျဲ လေယာဉ် တစ်စင်းအား မြင်တွေ့ရစဉ်(ဆင်ဟွာ)
     ဝါရှင်တန် ၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

    အမေရိကန် နိုင်ငံ လေတပ် တပ်ဖွဲ့ က နိုဝင်ဘာ ၃ ရက်နေ့၌ ဆိုမာလီယာ နိုင်ငံ အတွင်းရှိ IS အစွန်းရောက် တပ်ဖွဲ့ဝင် များအား လေကြောင်း ဗုံးကျဲ တိုက်ခိုက်မှု ၂ ကြိမ်ဆောင်ရွက်ခဲ့ရာ အစွန်းရောက် တပ်ဖွဲ့ဝင် အများအပြား ကိုရှင်းလင်း နိုင်ခဲ့ကြောင်း အမေရိကန် နိုင်ငံ စစ်ဘက် ဆိုင်ရာ က ထုတ်ပြန် ကြေညာ ခဲ့သည်။

အမေရိကန် နိုင်ငံ စစ်ဘက်ဆိုင်ရာ အာဖရိက ညွှန်ကြားရေး ဌာနချုပ် က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အမေရိကန် နိုင်ငံ လေတပ် သည် ဆိုမာလီယာ နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသရှိ IS အစွန်းရောက် တပ်ဖွဲ့ဝင်များအား ဗုံးကျဲတိုက်ခိုက်မှု ဆောင်ရွက်ခဲ့ကြောင်း ၊ ဗုံးကျဲ တိုက်ခိုက်မှု အခြေအနေ နှင့် ပတ်သက်၍ အသေးစိတ် စစ်ဆေးမှု များဆောင်ရွက်နေပြီး ဆက်လက်၍ အာဖရိက မဟာမိတ် တပ်ဖွဲ့ နှင့် ဆိုမာလီယာ နိုင်ငံ အစိုးရ တပ်ဖွဲ့ တို့နှင့် ပူးပေါင်းကာ အကြမ်းဖက် နှိမ်နင်းရေး ဆောင်ရွက်မှု များ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

ယခုနှစ် စက်တင်ဘာ လပိုင်းတွင် အမေရိကန် နိုင်ငံ သည် ဆိုမာလီယာ နိုင်ငံ အတွင်းရှိ al-Shabaab အစွန်းရောက် တပ်ဖွဲ့ ကို လေကြောင်း ဗုံးကျဲ တိုက်ခိုက်မှု ဆောင်ရွက်ခဲ့ရာ အကြမ်းဖက် သမား ၆ ဦး ကို ရှင်းလင်း နိုင်ခဲ့ကြောင်း သိရှိခဲ့ရသည်။

(Xinhua)
http://www.xinhuamyanmar.com
အမေရိကန် နိုင်ငံ လေတပ် တပ်ဖွဲ့ က ဆိုမာလီယာ နိုင်ငံ အတွင်းရှိ IS အစွန်းရောက် တပ်ဖွဲ့ဝင် များအား ဗုံးကျဲ တိုက်ခိုက် အမေရိကန် နိုင်ငံ လေတပ် တပ်ဖွဲ့ က ဆိုမာလီယာ နိုင်ငံ အတွင်းရှိ IS အစွန်းရောက် တပ်ဖွဲ့ဝင် များအား ဗုံးကျဲ တိုက်ခိုက် Reviewed by THITHTOOLWIN on 11:27 Rating: 5
Powered by Blogger.