၆ ဘီးကရိန်းယာဉ်နှင့် Hilux SURF ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိ ရဲအုပ် တစ်ဦးအပါအဝင် (၃)ဦးသေဆုံးကာ (၄)ဦးဒါဏ်ရာများရှိ


တောင်ငူ - နိုဝင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ဇရပ်ကြီးကုန်း ကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင် တိုင် ၁၈၂/၅ နှင့် ၆ အကြားတွင် နိုဝင်ဘာ ၂၆ ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ်အချိန်ခန့်က ၆ ဘီးကရိန်းယာဉ် နှင့် Hilux SULF ယာဉ်တို့ တိုက်မိခဲ့ခြင်းဖြစ်သည်။


ယာဉ်တိုက်မှုကြောင့် Hilux SULF ယာဉ်ပေါ် တွင် မောင်းနှင်လိုက်ပါလာသော ဦးခင်ဇော် (၁၅) ရပ်ကွက် တောင်ငူမြို့ ၊ ရဲအုပ် တင်လင်း တောင်ငူခရိုင်ရဲတပ် ဖွဲ့မှူးရုံး နှင့် ကရိန်းယာဉ်ပေါ်၌လိုက်ပါလာသူ ဟိန်းမင်းဇော် ကြာအင်းကျေးရွာ သံလျင်မြို့နေသူတို့ (၃)ဦး နေရာတွင် သေဆုံးသွားခဲ့ပြီး လေးဦးဒါဏ်ရရှိခဲ့၍ ကျွန်းကုန်း နယ်မြေရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရ သည်။

ကိုလွင်(ဆွာ)
၆ ဘီးကရိန်းယာဉ်နှင့် Hilux SURF ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိ ရဲအုပ် တစ်ဦးအပါအဝင် (၃)ဦးသေဆုံးကာ (၄)ဦးဒါဏ်ရာများရှိ ၆ ဘီးကရိန်းယာဉ်နှင့် Hilux SURF ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိ ရဲအုပ် တစ်ဦးအပါအဝင် (၃)ဦးသေဆုံးကာ (၄)ဦးဒါဏ်ရာများရှိ Reviewed by THITHTOOLWIN on 11:21 Rating: 5
Powered by Blogger.