ကျေးဇူးတော်နေ့ ဘယ်ကြက်ဆင်ကို ဘေးမဲ့ပေးမလဲ

"Wishbone" နဲ့ "Drumstick" လို့အမည်ပေးထားတဲ့ ကြက်ဆင် ၂ ကောင်
ဒီသီတင်းပတ် နိုဝင်ဘာလ ၂၃ ရက်နေ့ ကြာသပတေးနေ့မှာ ကျရောက်မယ့် အမေရိကန်ပြည်ထောင်စုရဲ့ Thanksgiving ကျေးဇူးတော်နေ့အတွက် အစဉ်အလာတရပ်အဖြစ် အိမ်ဖြူတော် မှာ ဘေးမဲ့ပေးမယ့် အခမ်းအနားအတွက် ကြက်ဆင် ၂ ကောင်အနက် ဘယ်ကြက်ဆင်ကို ဘေးမဲ့ပေးသင့်တယ် ဆိုတာကို online ကနေ ရွေးချယ်မဲပေးနေကြပြီဖြစ်ပါတယ်။

"Wishbone" နဲ့ "Drumstick" လို့အမည်ပေးထားတဲ့ ၆ လသားအရွယ် ကြက်ဆင် ၂ ကောင်ဟာ Minnesota ကြက်ဆင်မွေးတဲ့ ခြံမှာ ကြီးပြင်းလာတာ ဖြစ်ပါတယ်။ "Wishbone" က ၃၆ ပေါင်လေးပြီး "Drumstick" ကတော့ ၄၇ ပေါင်လေးပါတယ်။

တနလာင်္နေ့ ညနေပိုင်းမှာတော့ "Drumstick" အတွက်မဲက ၅၂ ရာခိုင်နှုန်းရှိပြီး "Wishbone" အတွက်ကတော့ ၄၈ ရာခိုင်နှုန်း ရှိပါတယ်။ အဖြေဘယ်လိုထွက်ပါစေ ၂ ကောင်စလုံးကို ဘေးမဲ့ပေးဖို့ သမ္မတ Trump က အဆုံးအဖြတ်ပေးနိုင်တာဖြစ်ပါတယ်။ ကြက်ဆင်တွေကို ဘေးမဲ့လွှတ်တဲ့ပွဲကို အိမ်ဖြူတော်ရဲ့ နှင်းဆီခြံမှာ သမ္မတ Trump နဲ့ သမ္မတ ကတော် Melania Trump တို့က ဒီကနေ့ ညနေ ၁ နာရီမှာ ကျင်းပဖို့ ရှိပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ကျေးဇူးတော်နေ့ ဘယ်ကြက်ဆင်ကို ဘေးမဲ့ပေးမလဲ ကျေးဇူးတော်နေ့ ဘယ်ကြက်ဆင်ကို ဘေးမဲ့ပေးမလဲ Reviewed by THITHTOOLWIN on 08:24 Rating: 5
Powered by Blogger.