ရန်ကုန်၊ နိုဝင်ဘာ ၎
နိုဝင်ဘာ ၄ ရက်နေ့ နံနက် ၀၃း၄၅ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့၊ (၄)ရပ်ကွက်၊ အောင်ဇေယျလမ်းရှိ လက်ဘက်ရည်ဆိုင်တွင် မီးလောင်မှုဖြစ်ပွားလျက်ရှိကြောင်းနှင့် မီးလောင်ရာနေရာသို့ မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်များနှင့် မီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦး၊ သုံးခွမြို့နယ်ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိငြှိမ်း သတ်လျက်ရှိကြောင်း သိရသည်။
မီးလောင်မှုကြောင့် နံနက် ၀၄း၀၅ အချိန်ထိ နေအိမ် (၈)လုံးမီးလောင် ပျက်စီးဆုံးရှုံးခဲ့ပြီး နီးစပ်ရာမြို့နယ်များမှ မီးသတ်ယာဉ်များရောက်ရှိကာ မီးငြှိမ်းသတ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
သစ်ထူးလွင်
သုံးခွမြို့တွင် မီးလောင်မှုဖြစ်၊ နေအိမ် (၈)လုံးမီးလောင် ပျက်စီးဆုံးရှုံး
Reviewed by THITHTOOLWIN
on
06:23
Rating:
