တာချီလိတ်မြို့၌ မော်တော်ယာဉ်တစ်စီး ဆီပိုက်ပေါက်၍ မီးလောင်မှု ဖြစ်ပွား


တာချီလိတ် နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ဗိုလ်ချုပ် လမ်းမကြီးဘေးတွင် နိုဝင်ဘာ ၂၃ ရက်၊ နံနက် ၆ နာရီခန့်က မော်တော်ယာဉ်တစ်စီး အင်ဂျင်ခန်းအတွင်းရှိ ဆီပိုက်ပေါက်ပြီးမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါ မော်တော်ယာဉ်မီးလောင်မှုဖြစ်ပွားရာသို့ ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးထွန်းနိုင်ဦးနှင့် မြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးအောင်ဇော်လင်းတို့ ဦးဆောင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင် များက မီးငြှိမ်းသတ်ယာဉ် သုံးစီး၊ မီးသတ်စက်ယာဉ် တစ်စီးတို့ဖြင့် မီးငြှိမ်းသတ်ရာ နံနက် ၆ နာရီ ၊ မိနစ်၂၀ ခန့်တွင် မီးလုံးဝ ငြိမ်းသွားခဲ့သည်။


အဆိုပါ မော်တော်ယာဉ်မှာ နောက်လူစီးခန်းအထိ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး ယာဉ်ပိုင်ရှင်အား တာချီလိတ်မြို့မရဲစခန်း က စုံစမ်း စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
တာချီလိတ်မြို့၌ မော်တော်ယာဉ်တစ်စီး ဆီပိုက်ပေါက်၍ မီးလောင်မှု ဖြစ်ပွား တာချီလိတ်မြို့၌ မော်တော်ယာဉ်တစ်စီး ဆီပိုက်ပေါက်၍ မီးလောင်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 10:00 Rating: 5
Powered by Blogger.