ဝန်ကြီးဌာနနှစ်ခုတိုးချဲ့ပြီး ၀န်ကြီးနှစ်ဦးခန့်အပ်လိုကြောင်း လွှတ်တော်ကို သမ္မတတင်ပြ


ပြည်ထောင်စုဝန်ကြီးဌာနနှစ်ခု တိုးချဲ့ဖွဲ့စည်းကြောင်းနဲ့ ၀န်ကြီးနှစ်ဦးကို ခန့်အပ်တာဝန်ပေးလိုကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြလိုက်ပါတယ်။ တိုးချဲ့ဖွဲ့စည်းဖို့ တင်ပြခဲ့တဲ့ဝန်ကြီးဌာန နှစ်ခုကတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့ဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအတွက် အမျိုးသားလုံခြုံရေး ဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက တာဝန်ယူမှာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနအတွက် လက်ရှိနိုင်ငံခြားရေးဒုတိယ၀န်ကြီး ဦးကျော်တင်က တာဝန်ယူမှာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာတော့ ၀န်ကြီးဌာန (၂၂)ခုရှိပြီး အသစ်ထပ်မံတင်ပြလိုက်တဲ့ ၀န်ကြီးဌာန (၂)ခုတိုးလာမယ်ဆိုရင် (၂၄)ခုရှိလာမှာဖြစ်ပါတယ်။

5 PLUS NEWS
https://www.facebook.com/5plusnews
ဝန်ကြီးဌာနနှစ်ခုတိုးချဲ့ပြီး ၀န်ကြီးနှစ်ဦးခန့်အပ်လိုကြောင်း လွှတ်တော်ကို သမ္မတတင်ပြ ၀န်ကြီးဌာနနှစ်ခုတိုးချဲ့ပြီး ၀န်ကြီးနှစ်ဦးခန့်အပ်လိုကြောင်း လွှတ်တော်ကို သမ္မတတင်ပြ Reviewed by THITHTOOLWIN on 15:10 Rating: 5
Powered by Blogger.