ဆိုင်ကယ်နှင့်ကုန်ကားကြီး မျက်နှာချင်းဆိုင်ဝင်တိုက် လူတစ်ဦး ပွဲချင်းပြီးသေဆုံး


မကွေး နိုဝင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင် နယ်မြေရဲစခန်းပိုင် ပြည်-အောင်လံ- တောင်တွင်းကြီးသွားကားလမ်းမ၊ တွင် ၁၂ဘီးယာဉ်နှင့်ဆိုင်ကယ် မျက်နာချင်းဆိုင်တိုက်မှု ဖြစ်ပွားသွားကြောင်း သိရသည်။

၂၀၁၇ နိုဝင်ဘာ ၂၇ ရက်နေ့ မနက် ၇ နာရီ ၃၀ မိနစ်အချိန် ပြည်-အောင်လံ-တောင်တွင်းကြီးသွားကားလမ်းမ၊မိုင်တိုင်အမှတ် (၂၅၂/၇)နှင့် (၂၅၃/၀)အကြားတွင် မင်းလှမြို့၊ သံပုရာကန် ရေနံချက်စက်ရုံ နေထိုင်သူ ယာဉ်မောင်းဦးသိန်းဌေး(သ)၄၀နှစ်၊ (ဘ)ဦးခင်မောင်ထွေး မောင်းနှင်လာသော မော်တော်ယာဉ် အမှတ်-IL/9360 HINO PROFIA FNIEWJ အပြာရောင်၁၂ဘီးယာဉ်မှာ မျက်နှာချင်းဆိုင်မှ တောင်တွင်းကြီးမြို့နယ်၊ ဝက္ကသေးကျေးရွာ နေထိုင်သူ ယာဉ်မောင်း ဦးတင်စိုး၊(သ)၃၀နှစ်၊ (ဘ)ဦးသန်းရွှေ မောင်းနှင်လာသော ယာဉ်အမှတ် ၃၀ယ/၄၅၇၃၉ KENBO- 110 အနက်ရောင်ဆိုင်ကယ်တို့ ဝင်ရောက်တိုက်မိရာ ဦးတင်စိုးမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်နှင့်ပါတ်သက်၍ ၂၀၁၇ခုနှစ် နိုဝင်ဘာလ ၂၇ရက်နေ့ မနက် ၇နာရီ ၄၀မိနစ်အချိန်တွင် ယာဉ်အားမဆင်မခြင် မောင်းနှင်ကြသူ ဦးသိန်းဌေးနှင့် ဦးတင်စိုးတို့အား ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်နယ်မြေရဲစခန်းယာဉ်(ပ)၁၄/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိပြီး ကိုးပင်နယ်မြေရဲစခန်းမှူး ရဲအုပ် မျိုးညွှန်မှ စစ်ဆေးဆောင်ရွက်နေကြောင်း သတင်းရရှိပါသည်။်

Hlaing Bwar
ဆိုင်ကယ်နှင့်ကုန်ကားကြီး မျက်နှာချင်းဆိုင်ဝင်တိုက် လူတစ်ဦး ပွဲချင်းပြီးသေဆုံး ဆိုင်ကယ်နှင့်ကုန်ကားကြီး မျက်နှာချင်းဆိုင်ဝင်တိုက် လူတစ်ဦး ပွဲချင်းပြီးသေဆုံး Reviewed by THITHTOOLWIN on 21:37 Rating: 5
Powered by Blogger.