သတင်းမီဒီယာလွတ်လပ်ခွင့် ရနေပြီလို့ ပြန်ကြားရေးဝန်ကြီး ပြော

ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့် ကို တွေ့ရစဉ် / Photo: Htet Arkar/RFA
လက်ရှိမြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ လောက်က မရရှိခဲ့တဲ့ သတင်းမီဒီယာလွတ်လပ်ခွင့် ရရှိနေပြီလို့ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်က ဒီနေ့ ပြောပါတယ်။

ရန်ကုန်မြို့ မြို့တော်ခန်းမမှာ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းက စတုတ္ထအကြိမ်မြောက် ကျင်းပတဲ့ သက်ကြီးသတင်းစာပညာရှင်တွေ ကန်တော့ပွဲအခမ်းအနားအပြီးမှာ ၀န်ကြီး ဦးဖေမြင့်က ပြောကြားခဲ့တာဖြစ် ပါတယ်။

သက်ကြီးသတင်းစာပညာရှင် အယောက် ၁၃၀ ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သမ္မတဟောင်း ဦးသိန်းစိန်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ ဥက္ကဌဟောင်း ဦးဌေးဦးတို့အပြင် အလှူရှင်တွေ လှူဒါန်းတဲ့ ထောက်ပံ့ငွေတွေကို  ဒီနေ့ အခမ်းအနားကျင်းပပြီး ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ကန်တော့ပွဲအခမ်းအနားကို ကန်တော့ခံ သတင်းစာဆရာကြီး အယောက် ၁၃၀ ကို ဖိတ်ကြားခဲ့ပေမယ့် ၉၀ ကျော်လောက် တက်ရောက်ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
သတင်းမီဒီယာလွတ်လပ်ခွင့် ရနေပြီလို့ ပြန်ကြားရေးဝန်ကြီး ပြော သတင်းမီဒီယာလွတ်လပ်ခွင့် ရနေပြီလို့ ပြန်ကြားရေးဝန်ကြီး ပြော Reviewed by THITHTOOLWIN on 19:18 Rating: 5
Powered by Blogger.