အိမ်သာတော်လှန်ရေး အောင်မြင်စေရေး တရုတ်သမ္မတ တိုက်တွန်း


တရုတ်နိုင်ငံမှာ ပြည်တွင်းခရီးသွားလုပ်ငန်း မြင့်တင်ဖို့နဲ့ နိုင်ငံသားတွေရဲ့ ဘဝအရည်အသွေး တိုးတက်ကောင်းမွန်လာစေရေးအတွက် အိမ်သာတွေကို သန့်ရှင်းသပ်ရပ်အောင် တည်ဆောက်ကြဖို့ သမ္မတ ရှီကျင့်ဖျင်က ဒီကနေ့ တိုက်တွန်း ပြောကြားလိုက်ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ပြည်တွင်းခရီးသွားလုပ်ငန်း အဆင့်အတန်း မြှင့်တင်နိုင်ဖို့အတွက် အိမ်သာ တော်လှန်ရေးကို ၂၀၁၅ ခုနှစ်က စတင်အကောင်အထည်ဖော် ကြိုးပမ်းလုပ်ဆောင်လာခဲ့တာပါ။

အိမ်သာကိစ္စဟာ အသေးအဖွဲ့မဟုတ်ပဲ၊ ကျေးလက်နဲ့ မြို့ပြတွေ ယဉ်ကျေးမှုတည်ဆောက်ရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပြီး၊ တော်လှန်ရေး အောင်မြင်အောင် ဆက်လက်ကြိုးပမ်းလုပ်ဆောင်ကြဖို့ လိုအပ်ကြောင်း သမ္မတ ရှီက တိုက်တွန်းပြောဆိုပါတယ်။

တရုတ်အမျိုးသား ခရီးသွားလုပ်ငန်း အုပ်ချုပ်မှုအဖွဲ့ဟာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်း အိမ်သာပေါင်း ၆ သောင်း ၄ ထောင်ခန့် အဆင့်မြှင့်တင် တည်ဆောက်သွားမယ်လို့ ကြေညာထားပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်တာအတွင်း အိမ်သာပေါင်း ၆ သောင်း ၈ ထောင်လောက် အဆင့်မြှင့်တင်နိုင်ခဲ့ပြီး၊ တော်လှန်ရေးလုပ်ငန်းစဉ်တစ်ခုလုံးရဲ့ ၁၉ ရာခိုင်နှုန်းပြီးစီးသွားပြီလို့ ဆိုပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
အိမ်သာတော်လှန်ရေး အောင်မြင်စေရေး တရုတ်သမ္မတ တိုက်တွန်း အိမ်သာတော်လှန်ရေး အောင်မြင်စေရေး တရုတ်သမ္မတ တိုက်တွန်း Reviewed by THITHTOOLWIN on 21:47 Rating: 5
Powered by Blogger.