စက်စမ်းသပ်လည်ပတ်ဖို့ ကျပ်သန်း ၄ထောင်ကျော် တောင်းခံမှု ဒေါ်ခင်စန်းလှိုင် ကန့်ကွက်

ပုလဲမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ကို လွှတ်တော်မှာ တွေ့ရစဉ်
မြင်းခြံသံမဏိစက်ရုံအတွက် စက်စမ်းသပ်လည်ပတ်ဖို့ စက်မှုဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရထံ ကျပ်သန်း ၄၀၀၀ ကျော် တောင်းခံတာကို ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ကန့်ကွက် လိုက်ပါတယ်။

တိုင်းပြည်အတွက် အကျိုးမရှိဘဲ လည်ပတ်သင့်လား မသင့်လား မူဝါဒတစ်ရပ် မချမှတ်နိုင်သေးတဲ့အချိန်မှာ အခုလို စက်စမ်းသပ်လည်ပတ်ဖို့ တောင်းခံတာကို ကန့်ကွက်တာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် ခင်စန်းလှိုင် က ပြောပါတယ်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုရဲ့ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်း မူနဲ့ အခြေခံသဘောအပါအ၀င် ရငွေသုံးငွေနဲ့ ပတ်သက်ပြီး ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်တွေ ဆွေးနွေးရာ ဒေါ်ခင်စန်းလှိုင်က ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။

အမှတ် ၁ မြင်းခြံသံမဏိစက်ရုံဟာ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်မှာ လတ်တလောရပ်ဆိုင်းထားရတဲ့ နိုင်ငံပိုင်စက်ရုံ ၂၈ရုံထဲက တစ်ရုံဖြစ်ပါတယ်။

မြစ်သာရေလှောင်တမံစီမံကိန်းအတွက် ကျပ် ၁၂ ဘီလီယံ ထပ်မံတောင်းခံထားတာကိုလည်း ဘက်ဂျက်စည်းကမ်းနဲ့ မညီတဲ့အတွက် မပေးသင့်ဘူးလို့ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
စက်စမ်းသပ်လည်ပတ်ဖို့ ကျပ်သန်း ၄ထောင်ကျော် တောင်းခံမှု ဒေါ်ခင်စန်းလှိုင် ကန့်ကွက် စက်စမ်းသပ်လည်ပတ်ဖို့ ကျပ်သန်း ၄ထောင်ကျော် တောင်းခံမှု ဒေါ်ခင်စန်းလှိုင် ကန့်ကွက် Reviewed by THITHTOOLWIN on 20:50 Rating: 5
Powered by Blogger.