အစ္စလာမ်စစ်သွေးကြွဇနီး အင်ဒိုနီးရှားသူကို ဖိလစ်ပိုင် ဖမ်းဆီး


ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာရာဝီမြို့သိမ်းပိုက်ရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ အစ္စလာမ် အစွန်းရောက်တစ်ဦးရဲ့ ဇနီးဖြစ်သူ အင်ဒိုနီးရှားနိုင်ငံသူတစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ ဖိလစ်ပိုင် အာဏာပိုင်တွေက ပြောပါတယ်။

မင်ဟာတီ မာဒရေ့စ် Minhati Madrais ဆိုသူ အမျိုးသမီးကို မာရာဝီမြို့မြောက်ဘက်မှာရှိတဲ့ အီလီဂန်မြို့မှာ တနင်္ဂနွေနေ့က ဖမ်းဆီးလိုက်တာလို့ ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဝါစစ်တို က ပြောဆိုပါတယ်။

သူ့အမျိုးသားဟာ မာရာဝီတိုက်ပွဲမှာ ဖိလစ်ပိုင်အစိုးရတပ်တွေရဲ့ လက်ချက်နဲ့ ကျဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။
မာဒရေ့စ်ကို အင်ဒိုနီးရှား အကြမ်းဖက်မှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးမေးမြန်းဖို့ရှိတယ်လို့ ပြောခွင့်ရပုဂ္ဂိုလ် ဝါစစ်တိုက ပြောပါတယ်။

အသက် ၃၆ နှစ်အရွယ် မာဒရေ့စ်ဟာ အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားကျွန်းသူဖြစ်ပြီး၊ ဖိလစ်ပိုင်မှာ ၂၀၁၅ ခုနှစ်က စတင်အခြေချနေထိုင်လာခဲ့တာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်အစိုးရဟာ အစ္စလာမ်အစွန်းရောက်တွေ ၅ လကြာ သိမ်းပိုက်ခံထားရတဲ့ မာရာဝီမြို့ကို ပြန်လည်ရယူနိုင်ပြီဖြစ်ကြောင်း ပြီးခဲ့တဲ့အောက်တိုဘာလ နှောင်းပိုင်းမှာ ကြေညာနိုင်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးအတွင်း လူ ၁၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
အစ္စလာမ်စစ်သွေးကြွဇနီး အင်ဒိုနီးရှားသူကို ဖိလစ်ပိုင် ဖမ်းဆီး အစ္စလာမ်စစ်သွေးကြွဇနီး အင်ဒိုနီးရှားသူကို ဖိလစ်ပိုင် ဖမ်းဆီး Reviewed by THITHTOOLWIN on 22:04 Rating: 5
Powered by Blogger.