ထိုင်းနိုင်ငံမှာ ယာဉ်တိုက်မှုဖြစ် မြန်မာနိုင်ငံသား ၁၄ ဦး မီးလောင်သေဆုံး


နိုဝင်ဘာလ ၂၄ ရက်နေ့ ဒီကနေ့ နံနက် နှစ်နာရီအချိန်က ထိုင်းနိုင်ငံ စင်ဘူရီ ပြည်နယ် အာရှလမ်းမကြီး မိုင်တိုင်အမှတ် ၉ ၀-၆၀၀ မှာ လိုင်စင်နံပါတ် 81-7407 Nakhon Sawan (နကော်စ၀မ်) ကုန်တင်ကားနဲ့  မဲဆောက်ကနေ ဘန်ကောက်ကိုမောင်းလာတဲ့ ခရီးသည်တင်ပေါင်မုန့်  ကား လိုင်စဉ်နံပါတ် 33-3241 Bangkok (ဘန်ကောက် ) တို့ တို က်မိပြီး ခရီးတင် ကားတစီးလုံးမီးလောင်သွားခဲ့ကြောင်း သိရပါတယ်။


ပေါင်မုန့် ကားမောင်သူ ထိုင်းနိုင်ငံသားအပါအ၀င် မဲဆောက်မြို့ ကနေ ဘန်ကောက်သွားဘို့  လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၁၄ ဦး မီးလောင်သေဆုံးခဲ့ကြောင်း သိရပါတယ်။

Social Action for Children and Women - SAW
ထိုင်းနိုင်ငံမှာ ယာဉ်တိုက်မှုဖြစ် မြန်မာနိုင်ငံသား ၁၄ ဦး မီးလောင်သေဆုံး ထိုင်းနိုင်ငံမှာ ယာဉ်တိုက်မှုဖြစ် မြန်မာနိုင်ငံသား ၁၄ ဦး မီးလောင်သေဆုံး Reviewed by THITHTOOLWIN on 12:03 Rating: 5
Powered by Blogger.