ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား


ကော့သောင်း နိုဝင်ဘာလ ၁၄

ကော့သောင်းမြို့နယ် ၊ ရွှေဇင်ယော်ရပ်ကွက် ၊ ဘုရင့်နောင် ကဇာတ်ရုံဟောင်းဝင်းအတွင်း နိုဝင်ဘာလ ၁၄ ရက်နေ့ ည (၈) နာရီ (၄၅) မိနစ်အချိန်က မီးလောင်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာအဆိုပါ ညပိုင်းက ရွှေဇင်ယော်ရပ်ကွက် ၊ ဘုရင့်နောင် ကဇာတ်ရုံဟောင်းဝင်းအတွင်းရှိ ဦးကျော်မြင့်(ခ) ဦးကျော်ဆိုသူ နေထိုင်သည့် အလျား(၄ဝ)ပေ ၊ အနံ(၁၅)ပေသွပ်မိုး၊ ထရံကာမြေစိုက်နေအိမ်တွင် ဦးကျော်မြင့် အလုပ်သွားနေစဉ် နေအိမ်၌ အတူနေသူ ညီညီထွန်း နှင့် ကျော်ညွှန့် တို့သည် ဖယောင်းတိုင်အား ဝါးထရံအနီး သစ်သားဘောင်ပေါ်တွင်ထွန်းညှိ ကာ အရက်အတူသောက်ခဲ့ကြပြီး မီးအား မငြှိမ်းသတ်ပဲ ၎င်းတို့နှစ်ဦး အပြင်သို့ထွက်သွားခဲ့ကြသဖြင့် ဖယောင်းတိုင်မီးမှ တဆင့် နေအိမ်သို့ကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။


မီးလောင်ကျွမ်းမှု သတင်းအရ မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ မီးသတ်မော်တော်ယာဉ် (၃)စီး ရေသယ်ယာဉ်(၁)စီး၊ မီးသတ်ဦးစီးအရာရှိပါ သန္ဓေတပ်ဖွဲ့ဝင်(၁၆)ဦး ၊ အရံမီးသတ်တပ်ဖွဲ့ဝင်(၂၅)ဦး ဖြင့် ရောက်ရှိပြီး ရပ်ကွက်ပြည်သူများနှင့် ပူးပေါင်းငြှိမ်းသတ်ရာ ည(၉) နာရီ(၁ဝ) မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သဖြင့် အနီးအနား လူနေအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်း မရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် အဆောက်အဦ မီးလောင်ဆုံးရှူံးမှုဖြစ်ပေါ်ခဲ့ရပြီး မီးပေါ့ဆမှု ဖြင့် ညီညီထွန်းနှင့်ကျော်ညွှန့်တို့အား မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၂၈၅)ပ/၁၉၄ဝ/၂ဝ၁၇ ဖြင့် အမူဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သူကျော်စိုး (ကော့သောင်း)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:56 Rating: 5
Powered by Blogger.