ကျောက်မဲမြို့အဝင် အမြောက်တပ်အနီးတွင် မိုင်းပေါက်ကွဲမှုဖြစ်၍ ရှာဖွေရှင်းလင်းမှုများ လုပ်ဆောင်နေ


ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့အဝင်ရှိ အမှတ်(၃၅၂)အမြောက်တပ်ရှေ့တွင် နိုဝင်ဘာလ(၂၇)ရက်နေ့ ည(၈)နာရီ (၄၅)မိနစ်ခန့်တွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားသဖြင့် ရှာဖွေစစ်ဆေးမှုများလုပ်ဆောင်နေပြီး ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း သိရသည်။

"မိုင်းကွဲတာ လူထိခိုက်မှုမရှိဘူး။ အုတ်တံတိုင်းတော့ တစ်ခန်းလောက် ပြိုကျသွားတယ်။ ရှာဖွေရှင်းလင်းမှုတွေတော့ လုပ်နေပါတယ်" ဟု ကျောက်မဲမြို့မစခန်းမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။


ကျောက်မဲမြို့အဝင် ပင်လုံလမ်းနံဘေးရှိ အမှတ (၃၅၂)အမြောက်တပ်၏ ပင်မဝင်ပေါက်နှင့် ဒုတိယဝင်ပေါက်အကြား အုတ်တံတိုင်း (၉)ပေခန့် ပြိုကျပျက်စီးသွားပြီး ပေါက်ကွဲမှုဖြစ်ပွားရာနှင့် အနီးတစ်ဝိုက်တွင် ရှာဖွေရှင်းလင်းခြင်းကို ကျောက်မဲရှိနယ်မြေခံတပ်နှင့် သက်ဆိုင်ရာဌာနများက ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်၍ စုံစမ်းရှာဖွေမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - နေဖြိုးမြင့်
Tachileik News Agency
http://www.tachileik.net
ကျောက်မဲမြို့အဝင် အမြောက်တပ်အနီးတွင် မိုင်းပေါက်ကွဲမှုဖြစ်၍ ရှာဖွေရှင်းလင်းမှုများ လုပ်ဆောင်နေ ကျောက်မဲမြို့အဝင် အမြောက်တပ်အနီးတွင် မိုင်းပေါက်ကွဲမှုဖြစ်၍ ရှာဖွေရှင်းလင်းမှုများ လုပ်ဆောင်နေ Reviewed by THITHTOOLWIN on 04:22 Rating: 5
Powered by Blogger.