ဇင်ဘာဘွေမှာ ဒီမိုကရေစီ စနစ်သစ် စတော့မယ်လို့ ခေါင်းဆောင်သစ်က ပြော

ဟာရာရီမြို့မှာ လူထုကြီးကို မစ္စတာ မနန်ဂါဂွာ မိန့်ခွန်းပြောနေစဉ်
ဇင်ဘာဘွေနိုင်ငံရဲ့ ခေါင်းဆောင်သစ် အမ်မာဆန် မနန်ဂါဂွာက ဇင်ဘာဘွေနိုင်ငံမှာ ဒီမိုကရေစီစနစ်သစ်ရဲ့အစကို ပြည်သူတွေ တွေ့မြင်ကြရတော့မယ်လို့ သူ့ကို ထောက်ခံအားပေး အောင်ပွဲဆင်နေတဲ့ လူအုပ်ကြီးကို ပြောကြားသွားပါတယ်။

သမ္မတ အဖြစ် လာမယ့် သောကြာနေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုမယ့် မစ္စတာ မနန်ဂါဂွာ က တိုင်းပြည် စီးပွားရေး ပြန်လည်တည်ဆောက်ဖို့နဲ့ အလုပ်လက်မဲ့ ဖြစ်နေသူ အများအပြားအတွက် အလုပ်တွေ ဖန်တီးပေးဖို့ကို သူဦးစားပေး လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

သူမိန့်ခွန်းပြောနေစဉ်မှာ လူအုပ်ကြီးက လွတ်လပ်ရေး ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ကြပါတယ်။

သူ့ကို ဒုတိယ သမ္မတရာထူးကနေ မစ္စတာ မူဂါဘီ ထုတ်ပယ်ခဲ့အပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အာဏာလွှဲယူပေးနိုင်ခဲ့တဲ့ စစ်တပ်ကို မစ္စတာ မနန်ဂါဂွာက သူ့မိန့်ခွန်းထဲမှာ ချီးကျူးစကား ပြောသွားပါတယ်။

မစ္စတာ မနန်ဂါဂွာဟာ တောင်အာဖရိကနိုင်ငံကနေ ဇင်ဘာဘွေနိုင်ငံကို အင်္ဂါနေ့ မနက်အစောပိုင်းက ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဇင်ဘာဘွေမှာ ဒီမိုကရေစီ စနစ်သစ် စတော့မယ်လို့ ခေါင်းဆောင်သစ်က ပြော ဇင်ဘာဘွေမှာ ဒီမိုကရေစီ စနစ်သစ် စတော့မယ်လို့ ခေါင်းဆောင်သစ်က ပြော Reviewed by THITHTOOLWIN on 08:51 Rating: 5
Powered by Blogger.