ကြာဂရက်အုပ်စု ထီးခံကျေးရွာတွင် ဓားထိုးမှုဖြစ်ပွား၍ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကြာဂရက်အုပ်စု၊ ထီးခံကျေးရွာမှာ နိုဝင်ဘာ(၆)ရက် ညနေ(၆)နာရီခွဲခန့်က ဓားထိုးမှုဖြစ်ပွားပြီး တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

 အမှုမှာ သေဆုံးသွားသူ သန်းဝင်းဟာ တစ်ရွာတည်းနေ ဦးထွန်းနိုင်ရဲ့ နေအိမ်ရှေ့ခန်းမှာ တီဗွီကြည့်နေစဉ် တစ်ရွာတည်းနေ ကြာရွှေဆိုသူရောက်ရှိလာပြီး အိမ်ပေါ်တက်ကာ ဓားနဲ့ ထိုးပြီး ထွက်ပြေး သွားရာ သန်းဝင်းဟာ ဝဲဘက်ရင်အုံအောက် ထိုးသွင်းဒဏ်ရာရရှိသွားလို့ ဒေါင့်ကြီးတိုက်နယ်ဆေးရုံကိုပို့ဆောင်ရာ ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရပါတယ်။

 အဲဒီနောက် ကြာရွှေက ယောက္ခမတော်စပ်သူ ဒေါ်ကြည်ရဲ့ နေအိမ်ကိုရောက်ရှိလာကာ လွန်ခဲ့တဲ့ သုံးလခန့်က သန်းဝင်းနဲ့ ပတ်သက်ပြီး လင်မယားချင်း စကားများရန်ဖြစ်ပြီး ကွဲနေတဲ့ ဇနီးဖြစ်သူ ဒေါ်ခါးတိုကို ခြင်ထောင်ထဲဝင်ကာ ဓားနဲ့ထိုးလို့ ဒေါ်ခါးတိုမှာ ဝဲလက်ဖျံပြတ်ရှဒဏ်ရာ၊ ဝဲပေါင်ပြတ်ရှဒဏ်ရာတွေ ရရှိသွားပါတယ်။

 တရားခံကြာရွှေဟာ ထွက်ပြေးတိမ်းရှောင်သွားလို့ ခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ မြို့နယ် ရဲတပ်ဖွဲ့မှူးတို့က တရားခံအမြန်ဆုံး ဖမ်းမိနိုင်ရေး ဆောင်ရွက်နေကြောင်းနဲ့ အမှုကြီးနံပါတ် ၂၊(ပ)၄၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၄ တို့နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရပါတယ်။ ဒီသတင်းကို ဝင်းကြိုင်(ကျောင်းကုန်း) ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
ကြာဂရက်အုပ်စု ထီးခံကျေးရွာတွင် ဓားထိုးမှုဖြစ်ပွား၍ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ ကြာဂရက်အုပ်စု ထီးခံကျေးရွာတွင် ဓားထိုးမှုဖြစ်ပွား၍ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 15:44 Rating: 5
Powered by Blogger.