ရန်ငြိုးထားပြီး အိပ်ပျော်နေသူအား ရိုက်နှက်မှု ဖြစ်ပွားခဲ့၍ လူတစ်ဦးသေဆုံး


မကွေးတိုင်းဒေသာကြီး ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာတွင် အောက်တိုဘာ(၃၁)ရက်နေ့က တစ်ရွာတည်းသားချင်း ရိုက်နှက်မှု ဖြစ်ပွားခဲ့၍ လူတစ်ဦးသေဆုံးခဲ့ကြောင်း ပွင့်ဖြူမြို့မရဲစခန်းမှ သိရသည်။

 ဖြစ်စဉ်မှာ လယ်မကျေးရွာနေ ဦးသန့်ရှင်း၊ ၅၉နှစ်သည် အောက်တိုဘာ(၃၁)ရက်နေ့ ညနေ(၅)နာရီအချိန်က နေအိမ်၌ရှိနေစဉ် သားမက်ဖြစ်သူ အောင်အောင် ရောက်ရှိလာပြီး ဦးသန့်ရှင်း၏ သားဖြစ်သူ မန်းစန်းအောင်၊ ၃၀နှစ်မှာ ရွာအရှေ့ဘက် ဘုန်းကြီးကျောင်းရှေ့၌ စုပုံထားရှိသော ကွန်ကရစ် လမ်းတိုင်များပေါ်၌ အိပ်ပျော်နေစဉ် တစ်ရွာတည်းနေ အံ့မင်းထက်၊ ၁၈နှစ်မှ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

 ၂၀၁၆ခုနှစ်အတွင်းက မန်းစန်းအောင် မှ အံ့မင်းထက်၏ လယ်မြေအတွင်း ကြွက်ထောင်ရာမှ စကားများရန်ဖြစ်ကာ မန်းစန်းအောင်မှ အံ့မင်းထက်အား ဓါးဖြင့်ထိုးခဲ့ ခြင်းအပေါ် ရန်ငြိုးထားပြီး မန်းစန်းအောင်အား အရှည်(၄)ပေခွဲခန့်၊ လုံးပတ်(၂)ပေခွဲခန့်ရှိ ကျွန်းသားကိုင်းတက်နှင့်ရိုက်ရာ ဦးခေါင်းတွင် ဒဏ်ရာများဖြင့် လဲကျနေစဉ် ရဲ များရောက်ရှိလာပြီး မဲဇလီတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ရန် သယ်ယူသွားကြောင်းစုံစမ်း သိရှိရသည့်အတွက်

သေဆုံးသူ၏ ဖခင်မှ တိုက်နယ်ဆေးရုံသို့ လိုက်ပါသွားခဲ့ရာ မန်းစန်းအောင်တွင် ယာမျက်ခုံးပေါက်ပြဲ၊ မေးစေ့အောက်ပေါက်ပြဲ၊ ယာဂျိုစောင်းဖူးရောင်ပေါက်ပြဲ၊ နား/နှာခေါင်းသွေးထွက်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း တရားလို၏ တိုင်ကြားချက်အရ သိရသည်။

 ဖြစ်စဉ်နှင့်ပက်သက်၍ သားဖြစ်သူ မန်းစန်းအောင်အား တုတ်ဖြင့်ရိုက်သူ အံ့မင်းထက်အား အရေးယူပေးရန် ဦးသန့်ရှင်းမှ တရားလိုပြုတိုင်ကြားခဲ့၍ ပွင့်ဖြူမြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း မြန်မာ့အလင်းသတင်း အရ သိရပါသည်။

သစ်ထူးလွင်
ရန်ငြိုးထားပြီး အိပ်ပျော်နေသူအား ရိုက်နှက်မှု ဖြစ်ပွားခဲ့၍ လူတစ်ဦးသေဆုံး ရန်ငြိုးထားပြီး အိပ်ပျော်နေသူအား ရိုက်နှက်မှု ဖြစ်ပွားခဲ့၍ လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 18:27 Rating: 5
Powered by Blogger.