မရမ်းကုန်းမြို့နယ်၌ ယာဉ်ရှစ်စီး ဆင့်ကဲ တိုက်မိမှုဖြစ်ပွား


ရန်ကုန် နိုဝင်ဘာ ၂၂

မရမ်းကုန်းမြို့နယ်အတွင်း၌ နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက YBS ခရီးသည် တင်ယာဉ် မဆင်မခြင်မောင်းနှင်မှု ကြောင့် ယာဉ်ရှစ်စီး ဆင့်တိုက်ခဲ့ သောဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့မွန်းလွဲ ၁ နာရီခန့်က မရမ်းကုန်းမြို့နယ် သမိုင်း(၁)ရပ်ကွက် ဘုရင့်နောင် တံတားအောက် ၁၃ လမ်းထိပ်၌ လှိုင်သာယာဘက်မှ ဦးမောင်မောင်သိန်း (၃၆နှစ်) မောင်းနှင်လာသောYBS ၂၃ ခရီးသည်တင်ယာဉ် 7H....... မှာ အရှိန်မထိန်းနိုင်ဘဲ ရပ်တန့်ထားသည့် မြတ်ကုသိုလ် (လူမှုကယ်ဆယ်ရေးအသင်း)မှ ယာဉ်သုံးစီး၊ အငှားယာဉ်နှစ်စီး၊ ကိုယ်ပိုင်(အိမ်စီး) ယာဉ်နှစ်စီးတို့ကို ဆင့်ကဲတိုက်မိခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ယာဉ်ဆင့်ကဲတိုက်မိမှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရ အမျိုးသားသုံးဦးနှင့် အမျိုးသမီး နှစ်ဦးအား အင်းစိန်ဆေးရုံနှင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသထားရကြောင်း အခင်းဖြစ်နေရာမှ ကနဦး သိရသည်။

မောင်စိန်ဝင်း
The Union Daily
https://www.facebook.com/uniondaily.net
မရမ်းကုန်းမြို့နယ်၌ ယာဉ်ရှစ်စီး ဆင့်ကဲ တိုက်မိမှုဖြစ်ပွား မရမ်းကုန်းမြို့နယ်၌ ယာဉ်ရှစ်စီး ဆင့်ကဲ တိုက်မိမှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:05 Rating: 5
Powered by Blogger.