ချမ်းမြသာစည်​မြို့နယ်​တွင်​ မီး​လောင်​မှု ဖြစ်​ပွား


မန္တ​လေးမြို့ ချမ်းမြသာစည်​မြို့နယ်​၊ မြို့သစ်​ (၅)ရပ်​ကွက်​၊ အကွက်​(က-၂) မ​နော်​ဟရီလမ်းနှင့်​ စိန်​ပန်းလမ်းကြား၊ ၇၁လမ်းနှင့်​ ၇၂လမ်းကြားရှိ အိမ်​အမှတ်​(၁၀)မှ စတင်​၍ နိုဝင်​ဘာ ၃၀ ရက်​ မွန်းလွဲ ၁၂:၃၅ နာရီအချိန်​က မီး​လောင်​မှုဖြစ်​ပွားရာ မီးသတ်​ယာဉ်​ ၃၀ စီး၊ ​ရေသယ်​ယာဉ်​ ၂၀ စီး၊ သ​န္ဓေမီးသတ်​ ၇၀ ဦး၊ အရန်​မီးသတ်​ ၁၂၀ ဦးတို့ဖြင့်​ ဝိုင်းဝန်းငြိမ်းသတ်​ခဲ့ကြရာ မွန်းလွဲ ၁နာရီ ၅မိနစ်​​တွင် မီးငြိမ်း​သွားကြောင်း သိရသည်​။

အဆိုပါမီး​လောင်​မှု​ကြောင့်​ နံကပ်​အိမ်​ ၂ လုံး၊ သွပ်​မိုးထရံကာ နှစ်​ထပ်​အိမ်​ ၁ လုံး၊ သွပ်​မိုးထရံကာ တစ်​ထပ်​အိမ်​ ၃ လုံးနှင့်​ ဆိုင်​ကယ်​ ၂ စီး ပျက်​စီးဆုံးရှုံး​ကြောင်း သတင်းရရှိသည်​။

MRG
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
ချမ်းမြသာစည်​မြို့နယ်​တွင်​ မီး​လောင်​မှု ဖြစ်​ပွား ချမ်းမြသာစည်​မြို့နယ်​တွင်​ မီး​လောင်​မှု ဖြစ်​ပွား Reviewed by THITHTOOLWIN on 17:32 Rating: 5
Powered by Blogger.