အောင်လံမြို့နယ်၌ ရထားနှင့် ကားတိုက်မိ


၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ ၁၅၀၀ အချိန်က မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် မိုးကောင်းလေး ဘူတာနှင့် အောင်လံဘူတာကြား မိုင်တိုင် (၂၀၂/၆-၇)၌ ဦးသက်ခိုင်(၄၄)နှစ်၊ ကြက်ရုံးလေးကျေးရွာ၊ အောင်လံမြို့နယ် နေသူမောင်းနှင်လာသော 2A/ xxxx ဒိုင်နာယာဉ်နှင့် အမှတ်(၁၀၉)အဆန် နေပြည်တော်-ပြည် RBE ရထားတို့တိုက်မိခဲ့ကြောင်း သိရပါသည်။

အဆိုပါ တိုက်မိမှုကြောင့် ဒိုင်နာယာဉ်ပေါ်ပါ ဦးကြည်လင်း (၅၅)နှစ်၊ ကြက်ရုံးလေးကျေးရွာ၊ အောင်လံမြို့ နေသူပါ ၅ ဦး(ကျား ၄၊ မ ၁) တို့တွင် ဦးခေါင်းနောက်စေ့၊ ကျောကုန်း၊ ဝဲ/ယာလက်၊ ဒူးခေါင်း၊ တင်ပါးဆုံပွန်းပဲ့ ပေါက်ပြဲ ဒဏ်ရာများ ရရှိသဖြင့် အောင်လံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

ညနေ ၄ နာရီ ၅၀ အချိန်တွင် ဦးသက်ခိုင်အား ဖမ်းမိပြီး အောင်လံမြို့မရဲစခန်း(ပ)၁၂၁၁/၂၀၁၇ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၅ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေး ၀န်ကြီး ဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
အောင်လံမြို့နယ်၌ ရထားနှင့် ကားတိုက်မိ အောင်လံမြို့နယ်၌ ရထားနှင့် ကားတိုက်မိ Reviewed by THITHTOOLWIN on 16:49 Rating: 5
Powered by Blogger.