မယားပါသားက ပထွေးကို အရှည် နှစ်ပေ လေးလက်မ လုံးပတ် ငါးလက်မခန့်ရှိ ယူကလစ်သစ်သားတုတ်ဖြင့် ရိုက်သတ်
ရန်ကုန် နိုဝင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး တိုက် ကြီးမြို့နယ် ဥပ္ပုံကျေးရွာ အုပ်စု ပြည်တော်သာကျေးရွာ၌ နိုဝင်ဘာလ ၅ ရက်နေ့ ည ၈နာရီတွင် မယားပါသားက ပထွေးကို အရှည် နှစ်ပေ လေးလက်မ လုံးပတ် ငါးလက်မခန့်ရှိ ယူကလစ်သစ်သားတုတ်ဖြင့် ရိုက်သတ်မှု ဖြစ်ပွား ကြောင်း တိုက်ကြီးမြို့မ ရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ အခင်းဖြစ်ပွားရာ ကျေးရွာသို့ တိုက်ကြီးမြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းအေး၊ ဒုရဲအုပ်စိုးမြင့် ခိုင်နှင့်ရဲတပ်ဖွဲ့ဝင်များ၊ ဥပ္ပုံစုကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင် မြင့်၊ ရာအိမ်မှူးများနှင့်အတူ သွား ရောက်စစ်ဆေးရာ ပြည်တော်သာ ကျေးရွာနေ ဦးလှမြင့်(၂၅နှစ်)သည် ၄င်းနေအိမ် မီးဖိုချောင်အခန်း အတွင်း သစ်သားပက်လက်ကုလား ထိုင်ပေါ်တွင် ယာဘက်ဦးခေါင်း ထိပ်ပေါက်ပြဲသွေးထွက်၊ ယာဘက် နားပေါက်ကွဲသွေးထွက်၊ ယာဘက် မျက်ခုံးပေါ်ပေါက်ပြဲ သွေးထွက်၊ မေးစေ့ယာဘက်ဘေး ပေါက်ပြဲ သွေးထွက်ဒဏ်ရာများဖြင့် သေဆုံး နေသည်ကို တွေ့ရှိရသည်။
သို့ဖြစ်၍ မင်းမောင်မောင်အား (ပ)၅၁၈/၁၇၊ ဥပဒေပုဒ်မ ၃ဝ၂ ဖြင့် အရေးယူထားကြောင်းသိရ သည်။
ထွန်းလှိုင်(မြိုင်)
The Union Daily
https://www.facebook.com/uniondaily.net/
မယားပါသားက ပထွေးကို အရှည် နှစ်ပေ လေးလက်မ လုံးပတ် ငါးလက်မခန့်ရှိ ယူကလစ်သစ်သားတုတ်ဖြင့် ရိုက်သတ် မယားပါသားက ပထွေးကို အရှည် နှစ်ပေ လေးလက်မ လုံးပတ် ငါးလက်မခန့်ရှိ ယူကလစ်သစ်သားတုတ်ဖြင့် ရိုက်သတ် Reviewed by THITHTOOLWIN on 18:05 Rating: 5
Powered by Blogger.