တောင်ငူမြို့ သမိုင်းဝင် မြတ်စောညီနောင်ဘုရား နောင်တော်စေတီမှ စိန်ဖူးတော် ပျောက်ဆုံး


တောင်ငူ နိုဝင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၏ အရှေ့ဘက် ခုနစ်မိုင်ခန့်အကွာ ဒိုးသောင်ကျေးရွာရှိ သမိုင်းဝင်မြတ်စောညီနောင်ဘုရား နောင်တော်စေတီမှ စိန်ဖူးတော်ပျောက်ဆုံး ကြောင်း နိုဝင်ဘာ ၁၅ ရက်က တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါစေတီမှ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့အား အသစ်ပြန်လည် ပြုပြင်ရန် စေတီမှဖြုတ်ချစဉ် ပျောက်ဆုံးနေကြောင်း သိရ၍ သက်ဆိုင်ရာမှ သွားရောက် စစ်ဆေးရာ ထီးတော်ထိပ်ရှိ နီလာဖြူ သလင်းစိန်ဖူးတော်တစ်ဖူး၊ စိန်အဝိုင်းလေးလုံး၊ စိန်ချူးစွဲလေးလုံး၊ စိန်နားကပ်အရံ၊စိန်ခြယ်ကွင်း၊ ရွှေကြာမောက်၊ ရွှေကြာလန် ၂၅ ကျပ်သား၊ ရွှေခေါင်းလောင်းငါးလုံး ၁၃ ကျပ်သား ဝန်းရံပါရှိသည့် တန်ဖိုးမခန့်မှန်းနိုင် ပျောက်ဆုံးနေကြောင်း သိရသည်။

အဆိုပါ စိန်ဖူးတော်ကို ၂ဝ၁၇ ခုနှစ် အောက်တိုဘာ ၃၁ ရက်က ထီးတော်ပြုပြင် ရန် ဖြုတ်ချစဉ်ကတည်းက ပါရှိခြင်းမရှိကြောင်း၊ ထီးတော်တင်စဉ်ကလည်း မရှိသည့် အတွက် ရှိ မရှိ မသိရှိကြောင်း မြတ်စောညီနောင်ဂေါပကအတွင်းရေးမှူး ဦးထွန်း ထွန်းက ပြောကြားခဲ့ပြီး စိန်ဖူးတော်ပျောက်ဆုံးနေသည်မှာ မည်သည့် အချိန်ကာလက ပျောက်ဆုံးနေသည်ကို အသေအချာမသိရှိကြောင်း ဂေါပကဥက္ကဋ္ဌ ဦးမောင်မောင်က ရှင်းပြခဲ့သည်။

အဆိုပါ ပျောက်ဆုံးနေသည့် စိန်ဖူးတော်မှာ လုံးပတ်ခြောက်လက်မခန့်၊ အမြင့် ကိုးလက်မခန့်ရှိပြီး တောင်ငူမြို့နေ လုပ်ငန်းရှင်တစ်ဦးက လှူဒါန်းထားခြင်းဖြစ်ကာ စိန်ဖူးတော်မှာ ၂၅ ရတီခန့်ရှိကြောင်း၊ ငွေကျပ်သိန်းပေါင်းများစွာ တန်ဖိုးရှိကြောင်း၊ မြန်မာမှုပြုသူပညာရှင် ဦးသန်းဝင်းနှင့် ဦးဖိုးတိုးတို့က ရှင်းပြသည်။ သမိုင်းဝင်မြတ်စော ညီနောင်ဘုရားမှာ သာသနာတော်နှစ် ၂၃ဝ ဝန်းကျင်ခန့်က မြတ်လှနှင့် စောလှ အàာညီအစ်ကိုနှစ်ဦး တည်ထားကိုးကွယ်ခဲ့ပြီး အàာညီအစ်ကိုတို့၏ အမည်များ ကိုအစွဲပြုကာ နောင်တော်စေတီ၊ ညီတော်စေတီဟု တည်ထားခဲ့ပြီး နောင်တော်စေတီမှ စိန်ဖူးတော်ပျောက်ဆုံးနေခြင်း ဖြစ်သည်။

မြတ်စောညီနောင်ဘုရားကြီး နောင်တော်စေတီ စိန်ဖူးတော်အား ခိုးယူသွားသူအား စုံစမ်းဖော်ထုတ်အရေးယူပေးရန် ဦးမောင်မောင်က တရားလိုပြု တိုင်းတန်းထားပြီး သက်ဆိုင်ရာက အမှုဖွင့်အရေးယူစုံစမ်းလျက်ရှိကြောင်း သိရသည်။

သူရ(တောင်ငူ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တောင်ငူမြို့ သမိုင်းဝင် မြတ်စောညီနောင်ဘုရား နောင်တော်စေတီမှ စိန်ဖူးတော် ပျောက်ဆုံး တောင်ငူမြို့ သမိုင်းဝင် မြတ်စောညီနောင်ဘုရား နောင်တော်စေတီမှ စိန်ဖူးတော် ပျောက်ဆုံး Reviewed by THITHTOOLWIN on 18:03 Rating: 5
Powered by Blogger.