နယူးယောက်မြို့ မန်ဟက်တန်မှာ ထရပ်ကားနဲ့ ဝင်တိုက်မှုကြောင့် အနည်းဆုံး လူ ၈ ဦးသေ

လမ်းသွားလမ်းလာတွေနဲ့ စက်ဘီးမောင်းနေသူတွေကို ထရပ်ကားနဲ့ အတင်းဝင်တိုက်ခဲ့
အမေရိကန်နိုင်ငံ နယူးယောက်မြို့ မန်ဟက်တန် အောက်ပိုင်းရပ်ကွက်က စက်ဘီးသမားတွေ အတွက် သီးသန့် သတ်မှတ်ထားတဲ့ လမ်းတခုပေါ်ကို ထရပ်ကားတစင်းက အတင်း ဝင်တိုက်ခဲ့ရာမှာ အနည်းဆုံး လူ ၈ဦး သေဆုံးခဲ့ပြီး တခြားလူ အတော်များများလည်း ဒဏ်ရာရသွားတယ်လို့ နယူးယောက်မြို့တော်ဝန် ဘီလ် ဘလာဆီယိုက ပြောပါတယ်။

ဒါဟာ အပြစ်မဲ့ အရပ်သားတွေကို ဦးတည် ပစ်မှတ်ထားတဲ့ သူရဲဘောကြောင်တဲ့ အကြမ်းဖက် လုပ်ရပ်လို့လည်း သူက ရည်ညွှန်းပြောသွားပါတယ်။

အခင်းဖြစ်ပွားတဲ့ သတင်းအရ အဲဒီနေရာကို ရောက်လာတဲ့ ရဲတွေက မသင်္ကာဘွယ် ကားမောင်းသမားကို ဖမ်းဆီး ထိန်းသိမ်းလိုက်တယ်လို့ နယူးယောက်ရဲ တပ်ဖွဲ့က ပြောပါတယ်။

အဲဒီလူဟာ အသက်၂၉နှစ်အရွယ် ဖြစ်ပြီး ထရပ်ကား အငှားယာဉ်တစင်းကို မောင်းလာတာ ဖြစ်တယ်လို့ နယူးယောက် ရဲ ကော်မရှင်နာ မင်းကြီးဂျိမ်းစ် အိုနီးလ် က ပြောပါတယ်။

အဲဒီ ကားဟာ လမ်းသွားလမ်းလာတွေနဲ့ စက်ဘီးသမားတွေကို တိုက်ခဲ့အပြီး ကျောင်းကားတစင်းနဲ့ မျက်နှာချင်းဆိုင် တိုက်မိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ့နောက် ကားမောင်းသမားဟာ ပြောင်းတိုသေနတ် နှစ်လက် ဝှေ့ယမ်းပြီး ကားထဲကနေ ထွက်လာခဲ့ရာမှာ ရဲတွေရဲ့ ပစ်ခတ် ဖမ်းဆီးမှုကြောင့် သေနတ်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ သူက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
နယူးယောက်မြို့ မန်ဟက်တန်မှာ ထရပ်ကားနဲ့ ဝင်တိုက်မှုကြောင့် အနည်းဆုံး လူ ၈ ဦးသေ နယူးယောက်မြို့ မန်ဟက်တန်မှာ ထရပ်ကားနဲ့ ဝင်တိုက်မှုကြောင့် အနည်းဆုံး လူ ၈ ဦးသေ Reviewed by THITHTOOLWIN on 05:38 Rating: 5
Powered by Blogger.