ကျောက်မဲ-ပင်လုံလမ်းမှာ ပေါက်ကွဲမှုဖြစ်ပွား၊ မပေါက်ကွဲသေးသည့် မိုင်းတစ်လုံးတွေ့ရှိ


ကျောက်မဲမြို့ အမှတ်(၁)ရပ်ကွက် ပင်လုံလမ်းရှိ အမတ(၃၅၂)နဲ့ မျက်နှာခြင်းဆိုင် နန္ဒ မာလာပန်းခြံရှေ့မှာ နိုဝင်ဘာ(၂၈)ရက် မနက်(၆)နာရီခွဲက ပေါက်ကွဲခြင်း မရှိသေးတဲ့ မိုင်းတစ်လုံးတွေ့ရှိတယ်လို့ သိရပါတယ်။

 အဲဒီမိုင်းကို အမတ(၃၅၂)က စစ်သည်တစ်ဦး တပ်ရှေ့နဲ့ ပန်းခြံအကြား ကင်းတာဝန်ထမ်းဆောင်စဉ် တွေ့ရှိရတာဖြစ်ပြီး အလျား (၈)လက်မ၊ အနံ(၆)လက်မ၊ အမြင့်(၁)ပေခန့်ရှိ ယမ်းနဲ့ သံတိုသံစတွေ ထည့်ထားတဲ့ အ၀ါရောင်ပလပ်စတစ်ပုံးနဲ့ Panasonic အမျိုးအစား (9)ဗို့ ဓာတ်ခဲ(၂)
လုံးကို ၀ိုင်ယာ ကြိုးတွေနဲ့ ချိတ်ဆက်ထားတဲ့ မပေါက်ကွဲသေးတဲ့ မိုင်းတစ်လုံးကိုတွေ့ရှိ ရတာဖြစ်ပါတယ်။

 နိုဝင်ဘာ (၂၇)ရက် ည(၈)နာရီ (၄၅)မိနစ်ခန့် ကတော့ အဲဒီ ပင်လုံလမ်း အမတ (၃၅၂)ရှေ့မှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ကျောက်မဲမြို့နယ် ရဲတပ်ဖွဲ့စခန်းရဲ့ မှတ်တမ်းအရ သိရပါတယ်။

 ဖြစ်စဉ်မှာ အဲဒီနေ့က အမတ (၃၅၂)ရှေ့ ပလက်ဖောင်းနဲ့ တပ်ခြံစည်းရိုး အုတ်တံတိုင်းနားမှာ ပေါက်ကွဲမှုဖြစ် ပွားတာဖြစ်ပြီး ခြံစည်းရိုးအုတ်တံတိုင်း အမြင့်(၅)ပေ၊ အလျား(၁၆)ပေခန့် ပွင့်ထွက်ပြိုကျ ပျက်စီးသွားပြီး လူတိရစ္ဆာန်ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရပါတယ်။

 တပ်ခြံစည်းရိုးဟာ ပလက်ဖောင်းနဲ့ (၁၅)ပေခန့် ကွာဝေးပြီး ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာမှာ ယမ်းနံ့ရှိ သံတိုသံစတွေ တွေ့ရှိရပြီး အမှတ်(၉၁၂) BE တပ်ရဲ့ပြောကြားချက်အရ ပေါက်ကွဲမှု ဖြစ်ပွားတဲ့မိုင်းဟာ ဒေသန္တရလုပ် Remote မိုင်းဟု ယူဆကြောင်း သိရပါ တယ်။

 အဲဒီ မိုင်းတွေ့ရှိမှုနဲ့ မိုင်းပေါက်ကွဲမှုဖြစ်ပွားရာကို စခက-၁ မှ တာဝန်ရှိသူတွေ၊ အမတ-၃၅၂ မှ တာဝန်ရှိသူတွေ၊ BE တပ်က တာဝန်ရှိသူတွေ၊ ခေတ္တခရိုင်ရဲမှူးနဲ့ မြို့နယ်ရဲမှူးတို့ ဦးစီးတဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ မြို့မရဲစခန်းမှ တာဝန်ရှိသူတွေ လာရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းကို ကျောက်မဲ(SkyNet) ကပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
ကျောက်မဲ-ပင်လုံလမ်းမှာ ပေါက်ကွဲမှုဖြစ်ပွား၊ မပေါက်ကွဲသေးသည့် မိုင်းတစ်လုံးတွေ့ရှိ ကျောက်မဲ-ပင်လုံလမ်းမှာ ပေါက်ကွဲမှုဖြစ်ပွား၊ မပေါက်ကွဲသေးသည့် မိုင်းတစ်လုံးတွေ့ရှိ Reviewed by THITHTOOLWIN on 16:27 Rating: 5
Powered by Blogger.