ညီအစ်မနှစ်ဦး စီးနင်းလာသည့် စက်ဘီးနှင့် ဆိုင်ကယ် တိုက်မိရာမှ ဆိုင်ကယ်သမားသေဆုံး


ညောင်ခါးရှည် - နိုဝင်ဘာ (၁)

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်ပိုင် သပြေကန်ကျေးရွာအနီး ၌ ပြီးခဲ့သည့်လ အောက်တိုဘာ( ၃၁) ရက် နေ့ လည် (၂) နာရီကျော်အချိန်ခန့် က ဆိုင်ကယ်နှင့်စက်ဘီး တိုက်မိရာ ဆိုင်ကယ်သမား အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း ညောင်ခါးရှည်နယ်မြေရဲစခန်းနှင့် နီးစပ်သူတစ်ဦး ထံကသတင်းရရှိသည်။

ဖြစ်စဉ်မှာ စစ်တောင်းတံတားအသစ် ရန်ကုန် မော်လမြိုင် ကားလမ်းမိုင်တိုင်အမှတ် (၄/၆ နှင့် ၄/၇) ကြား သပြေကန်ကျေးရွာအနီးတွင်စစ်တောင်းတံတားဘက်မှ ဝေါမြို့ဘက်သို့ မဖြူ ဇင်အေးနှင့် မမိုးဇင်အေး သိမ်ဇရပ်မြို့နေသူ ညီအစ်မနှစ်ဦ စီးနင်းလာသည့် စက်ဘီးအား လားရာတူဘက်မှ မောင်းနှင်လာသည့်ဆိုင်ကယ်သည်၎င်း ရှေ့မှ ကားတစ်စီးအားကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ စက်ဘီးစီးနင်းလာသည့် ညီအစ်မနှစ်ဦ အား ဝင်ရောက်ပွတ်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်းရဲမှတ်တမ်းများအရ သိရသည်။


စက်ဘီးအား ဝင်ရောက်ပွတ်တိုက်ခဲ့သည့် ကိုကျော်လွင်ဦး ကန်ကလေးကျေးရွာအုတ်တွင်းမြို့ နေသူဆိုင်ကယ်သမားမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး စက်ဘီးစီးနင်းလာသည့် ညီအစ်မနှစ်ဦးမှာ ပေါက်ပြဲ ပွန်းပဲ့ ဖူးရောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပက်သက်၍ ညောင်ခါးရှည်နယ်မြေရဲစခန်းမှ ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ ကိုကျော်လွင်ဦး အား ယာဉ် (ပ)၁၁ /၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၈/ ၃၀၄-က တို့ ဖြင်းအမှုဖွင့် အရေးယူထားကြောင်း ဆက်လက်သိရှိရသည်။

News - ဝေါသားဖိုးတေ
Photo - Facebook
https://www.facebook.com/reporter.wawmedia
ညီအစ်မနှစ်ဦး စီးနင်းလာသည့် စက်ဘီးနှင့် ဆိုင်ကယ် တိုက်မိရာမှ ဆိုင်ကယ်သမားသေဆုံး ညီအစ်မနှစ်ဦး စီးနင်းလာသည့် စက်ဘီးနှင့် ဆိုင်ကယ် တိုက်မိရာမှ ဆိုင်ကယ်သမားသေဆုံး Reviewed by THITHTOOLWIN on 23:06 Rating: 5
Powered by Blogger.