အမြန်လမ်းမကြီး၌ ညနေပိုင်းတွင် ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွား ၃ ဦးဒဏ်ရာရ


နေပြည်တော် -နိုဝင်ဘာ ၅

အမြန်လမ်းမကြီး၌ နိုဝင်ဘာလ ၅ ရက်နေ့ ယနေ့ညနေပိုင်းတွင်ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီ သုံးဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန် မန္တလေးအမြန်လမ်းမကြီး၏ ဆဘာနက်ကြီးအမြန်လမ်းအပိုင်း မိုင်တိုင်အမှတ် ၃၈/၆ နှင့်၃၈/၇အကြားယာဉ်မောင်း ကျော်ရဲအောင်မောင်းနှင်လာသော light Truckယာဉ်မှာ ယနေ့ မွန်းလွဲ ၂ နာရီကတဖက်ယာဉ်ကြောသို့လမ်းလယ်ကျွန်းမှဖြတ်ကွေ့စဉ်တဖက်ယာဉ်ကြောမှ စပိန်နိုင်ငံသားမောင်နိုင်လာသော Ford ယာဉ်နှင်တိုက်မိခဲ့သည်။


ဖြစ်စဉ်ကြောင့်Ford ယာဉ်ပေါ်တွင်ပါရှိသူများထိခိုက်မှုမရှိသော်လည်း light truck ယာဉ်ပေါ်ပါရှိသူ ၁၇ ဦးအနက် ၃ ဦးဒဏ်ရာရှိခဲ့သည်။ဒဏ်ရာရရှိသူများအား တပ်ဖွဲ့ပိုင်ယာဉ်ဖြင့်ပခူးဆေးရုံသို့ပိုဆောင်ပေးခဲ့ရကြောင်းသိရသည်။


ထို့အတူ ညနေ ၄နာရီခွဲကလည်း ယင်းလမ်းပိုင်း မိုင်တိုင်အမှတ် ၂၇/၂ နှင့် ၂၇/၃ အကြားယာဉ်မောင်း တင်ဝင်းမောင် မောင်းနှင်လာသော Nissan AD van မှာအရှိန်မထိမ်းနိုင်ပဲ တဖက်ယာဉ်ကြောသို့ရောက်ရှိတိမ်းမှောက်ခဲ့သည်။

သို့ပါ၍ဖြစ်စဉ်များအား သက်ဆိုင်ရာကအမှုဖွင့်အ ရေးယူထားကြောင်းသိရသည်။

ညီညီသန်း(နေပြည်တော်)
ဓါတ်ပုံ/အမြန်လမးရဲတပ်ဖွဲ့
Min Myat Oo (fb)
အမြန်လမ်းမကြီး၌ ညနေပိုင်းတွင် ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွား ၃ ဦးဒဏ်ရာရ အမြန်လမ်းမကြီး၌ ညနေပိုင်းတွင် ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွား ၃ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 21:26 Rating: 5
Powered by Blogger.