၁၀ တန်းကျောင်းသား ကျောင်းသူနှစ်ဦး ရည်းစားဖြစ်ပြီး ကိုယ်ဝန်ရလာသောအခါမှ လက်မထပ်ဘဲ ရှောင်ပြေးသွားသော ယောကျာ်းလေးအား မုံရွာမြို့နယ်တရားရုံးတွင် တရားစွဲဆို

၁၀ တန်းကျောင်းသား ကျောင်းသူနှစ်ဦး ရည်းစားဖြစ်ပြီး ကိုယ်ဝန်ရလာသောအခါမှ လက်မထပ်ဘဲ ရှောင်ပြေးသွားသော ယောကျာ်းလေးအား မုံရွာမြို့နယ်တရားရုံးတွင် တရားစွဲဆို ၊ Justice House မှ ရှေ့နေငှားရမ်းပေး
မုံရွာမြို့ ပုဂ္ဂလိကဘော်ဒါဆောင်တစ်ခုတွင် ကျောင်းတက်ခဲ့သော မ------ (အသက် ၁၇ နှစ်)နှင့် မောင်ထက်ဝေယံလင်း အသက် (၁၈ နှစ်) တို့သည် လူငယ်သဘာဝ ချစ်ကြိုက်ခဲ့ကြပြီး ကြိမ်ဖန်များစွာ အတူအိပ်ခဲ့ကြသည်ဟု သိရပါသည်။

 ၁၀ တန်းစာမေးပွဲပြီးဆုံးပြီနောက် မိမိနေရပ်သို့ အသီးသီးပြန်ကြပြီးနောက်တွင် မ----- သည် ကိုယ်ဝန်ရှိမှန်း သိခဲ့ရပြီးနောက် ကာယယံရှင် မောင်ထက်ဝေယံလင်းသို့ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။ မ---- သည် ကိုယ်ဝန် ၆ လ ရှိသည့်အချိန်မှ မိမိတွင် ကိုယ်ဝန်ရှိမ
မှန်း သိခဲ့ရခြင်းဖြစ်သည်။

 မ----- သည် ကိုယ်ဝန်ကို မွေးဖွားခဲ့ရပြီး ၁ နှစ်ကျော်ကြာသည်အထိ ယောကျာ်းလေးဘက်မှ လာရောက်ဆက်သွယ်လာခြင်း မရှိသည့်အတွက် မုံရွာမြို့နယ် တရားရုံးတွင် ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် တရားစွဲဆိုရန်အတွက် ဦးတိုက်လျှောက်ထားခဲ့ပါသည်။ ယခုအခါ ရုံးချိန်းခေါ်ဆိုမှုများ စတင်နေပြီဖြစ်ပြီး မိမိတို့ Justice House ရုံးမှ အဆိုပါအမှုအတွက် ရှေ့နေငှားရမ်း ဆောင်ရွက်ပေးနေလျက်ရှိပါသည်။

Justice House
https://www.facebook.com/justicehousemonywa
၁၀ တန်းကျောင်းသား ကျောင်းသူနှစ်ဦး ရည်းစားဖြစ်ပြီး ကိုယ်ဝန်ရလာသောအခါမှ လက်မထပ်ဘဲ ရှောင်ပြေးသွားသော ယောကျာ်းလေးအား မုံရွာမြို့နယ်တရားရုံးတွင် တရားစွဲဆို ၁၀ တန်းကျောင်းသား ကျောင်းသူနှစ်ဦး ရည်းစားဖြစ်ပြီး ကိုယ်ဝန်ရလာသောအခါမှ လက်မထပ်ဘဲ ရှောင်ပြေးသွားသော ယောကျာ်းလေးအား မုံရွာမြို့နယ်တရားရုံးတွင် တရားစွဲဆို Reviewed by THITHTOOLWIN on 21:45 Rating: 5
Powered by Blogger.