ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံဖြင့် ငွေစက္ကူ ရိုက်နှိပ်ရေး အဆို လွှတ်တော် အတည်ပြု


အနာဂါတ်တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံဖြင့် ငွေစက္ကူ ရိုက်နှိပ် ထုတ်ဝေရန် အတွက် နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျင်းပ နေသည့် ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေးတွင် အတည်ပြု လိုက်သည်။

ထိုအဆိုအားလည်း ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးမင်း ကလည်း ထောက်ခံကြောင်း လွှတ်တော်တွင်း၌ သဘောထား မှတ်ချက် ပေးခဲ့သည်။

ယင်းအဆိုကို မြိုင်မဲဆန္ဒနယ်မှ ဦးအောင်ခင်ဝင်းက တင်သွင်း ခဲ့ပြီး ကိုယ်စားလှယ် (၉) ဦးက ထောက်ခံ ဆွေးနွေး ခဲ့သော်လည်း ကန့်ကွက်သူ ရှိနေသဖြင့် မဲခွဲ ဆုံးဖြတ် ခဲ့ရသည်။

တပ်မတော်သား ကိုယ်စားလှယ်များက ကန့်ကွက်မဲ ပေးခဲ့ကြပြီး ကိုယ်စားလှယ် ၂၈၆ ဦးက ထောက်ခံ ခဲ့သဖြင့် ၎င်းအဆိုကို အတည်ပြု ခဲ့သည်။

ဟင်္သာမီဒီယာ
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံဖြင့် ငွေစက္ကူ ရိုက်နှိပ်ရေး အဆို လွှတ်တော် အတည်ပြု ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံဖြင့် ငွေစက္ကူ ရိုက်နှိပ်ရေး အဆို လွှတ်တော် အတည်ပြု Reviewed by THITHTOOLWIN on 13:25 Rating: 5
Powered by Blogger.