မန္တလေးမြို့၊ မြို့ဟောင်းဘူတာအတွင်းမှ လူစီးရထားတွဲများ မီးလောင်


နိုဝင်ဘာ ၁၆ ။

မန္တလေးမြို့ချမ်းမြသာစည်မြို့နယ် ၊ မြို့ဟောင်းဘူတာရဒ်ဝင်းအတွင်း နိုဝင်ဘာ ၁၆ရက် နံနက် ၁၂-ခွဲက ရထားတွဲလေးတွဲ မီးလောင်မှုဖြစ် ပွားခဲ့ရာ ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃ သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း ခရိုင်မီး သတ်တပ်ဖွဲ့မှ သိရသည်။

အဆိုပါ ဘူတာရဒ်ဝင်းအတွင်း ရပ်နားထားသောBNUEZ (12671) အိပ်စင်တွဲဆိုင်းမှ စတင်လောင် ကျွမ်းကာ ရထားတွဲ ၄တွဲ ကူးစက်လောင်ကျွမ်းခဲ့၍ မီးငြိမ်းသတ်ယာဉ် အစီး ၂၀၊ မီးသတ်ရေယာဉ် ၁၀ စီးနှင့် အုပ်ချုပ်မှုယာဉ် ၂ စီး၊ သန္ဓေနှင့် အရံမီးသတ်တပ်ဖွဲ့ဝင် ၁၅၀-ကျော်က ငြိမ်းသတ်ကြရာ ၁ နာရီခွဲ တွင် မီးငြိမ်းသွားကြောင်းသိရသည်။

“ဘူတာ ရဒ်ဝင်းထဲမှာ ထားတဲ့ တွဲတွေဆိုတော့ ညသန်းခေါင်လောက်မှာ ဘယ်သူတွေက တွဲပေါ် တက်ပြီး မီးပေါ့ဆခဲ့လဲ ၊ဘာကြောင့် လောင်တာ လဲ စသဖြင့် မီးလောင်မှုဖြစ်စဉ်ကို ရဲတပ်ဖွဲ့ က စုံးစမ်းစစ်ဆေးနေပါ တယ်။” ဟု မြန်မာမီးရထား(မန္တလေး)မှ အကြီးတန်းအရာရှိတစ်ဦးကပြောသည်။

မီးလောင်းမူ အကြောင်းအရင်းကို စုံစမ်းဆဲဖြစ်ပြီး စတင်လောင်းကျွမ်းသည့် BNUEZ (12671) အိပ်စင် တွဲ (ဆုံးရှုံးမူသုံးသိန်းခန့်)(12655)အိပ်စင်တွဲ ဆုံးရှုံးမူ(သုံးသိန်းခန့်) ၊BNUXEZ (12695) အိပ်စင်တွဲ ဆုံးရှုံးမူ နှစ်သိန်း ခန့်နှင့် BNUXEZ (12322) ရိုးရိုးတန်းတစ်တွဲ ဆုံးရှုံးမူတန်ဖိုး ၁၅ သိန်းခန့် ၊စုစုပေါင်း ခန့်မှန်းတန်ဖိုး၂၃ သိန်းခန့် ဖြစ်ကြောင်းသိရသည်။

Mandalay News
https://www.facebook.com/lin.aung.777/
မန္တလေးမြို့၊ မြို့ဟောင်းဘူတာအတွင်းမှ လူစီးရထားတွဲများ မီးလောင်  မန္တလေးမြို့၊ မြို့ဟောင်းဘူတာအတွင်းမှ လူစီးရထားတွဲများ မီးလောင် Reviewed by THITHTOOLWIN on 17:41 Rating: 5
Powered by Blogger.