ကက်တလိုနီးယား အစိုးရ ခေါင်းဆောင်ဟောင်းကို နိုင်ငံတကာ ဖမ်းဝရမ်း ထုတ်

တရားစီရင်မှုကို ရှောင်လွှဲဖို့ ဘယ်လ်ဂျီယမ်ကို ရောက်နေတာ မဟုတ်ဘူးလို့ ပုဂ်ျဒမွန်ပြော
ဘယ်လ်ဂျီယမ်နိုင်ငံမှာ ရောက်နေတဲ့ ကက်တလိုနီးယား အစိုးရခေါင်းဆောင်ဟောင်း ကားလက်စ် ပုဂ်ျဒမွန်နဲ့ ဝန်ကြီးဟောင်း ၄ဦးအပေါ် နိုင်ငံတကာ ဖမ်းဝရမ်း အမိန့် စပိန် တရားသူကြီးက ထုတ်ပြန်လိုက်ပါတယ်။

ဒီဖမ်းဝရမ်းအမိန့်ကို ဘယ်လ်ဂျီယမ် အစိုးရ ရှေ့နေရုံးက စုံစမ်းစစ်ဆေးရေး တရားသူကြီးထံ မတင်ပြခင် သူတို့ အရင် လေ့လာသုံးသပ်မယ်လို့ ပြောပါတယ်။

ထုတ်ပယ်ခံခဲ့ရတဲ့ ကက်တလိုနီးယား အစိုးရအဖွဲ့ထဲက ဝန်ကြီး ၅ဦးဟာ နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်အောင် လုပ်မှုတွေနဲ့ စပိန် အစိုးရက စွပ်စွဲတာ ခံခဲ့ရအပြီး အခုသီတင်းပတ် အစောပိုင်းတုန်းက ဘယ်လ်ဂျီယမ်နိုင်ငံကို ရောက်ရှိလာတာပါ။

မစ္စတာ ပုဂ်ျဒမွန်က သူဟာ စစ်မှန်တဲ့ တရားစီရင်မှုကို ရှောင်လွှဲဖို့ ဘယ်လ်ဂျီယမ်နိုင်ငံမှာ ရောက်နေတာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောထားပါတယ်။

ကက်တလန်ခေါင်းဆောင်ဟောင်းကို တရားရင်ဆိုင်ဖို့ စပိန်ပြန်လာရမယ်လို့ စပိန်အစိုးရပြော

သူ့ရဲ့ ဝန်ကြီးဟောင်းတွေထဲက ၈ဦးဟာ အခုအခါ မဒရစ်မြို့နားမှာ ထိန်းသိမ်းခံထားရပါတယ်။

သူတို့ကို ပြန်လွှတ်ပေးရေး တောင်းဆိုဖို့နဲ့ မစ္စတာ ပုဂ်ျဒမွန်ကို ထောက်ခံတဲ့ အနေနဲ့ လူထောင်သောင်းချီပြီး ကက်တလိုနီးယားဒေသ တဝန်းက မြို့တွေမှာ စုရုံး ဆန္ဒပြခဲ့ကြပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ