ဘင်္ဂလားဒေ့ရှ်ဖက်က ပြန်လာမယ့်သူတွေအရေးနဲ့ ပတ်သက်ပြီး ကျေးရွာ ၂၈ ရွာ သဘောထားထုတ်ပြန်

ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတစ်ခုမှာ တွေ့ရတဲ့ မွတ်စလင်ဒုက္ခသည်များကို တွေ့ရစဉ်။ Photo: BenarNews
ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးသွားတဲ့ မွတ်စလင်တွေကို စီစစ်လက်ခံပြီးနောက် မူလနေရာတွေမှာ ပြန်လည်နေရာချထားခြင်းမပြုဖို့ မောင်တောမြို့နယ်တောင်ဘက်ပိုင်း ကျေးရွာပေါင်း ၂၈ ရွာက ဒီနေ့ သဘောထားကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

မူလနေရာတွေမှာ ပြန်လည်နေရာချထားမယ်ဆိုရင် ဒေသခံတိုင်းရင်းသားတွေရဲ့လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်တယ်လို့ မောင်တောမြို့နယ် ဝေသာလီကျေးရွာက ကိုဝင်းမောင် က ပြောပါတယ်။

မောင်တောဒေသအရေးနဲ့ပတ်သက်ပြီး အင်းတောင်၊ ဥဒေါင်း၊ ပဲရုံ၊ မောရဝတီ၊ ဝေသာလီအစရှိတဲ့ မောင်တော မြောက်ပိုင်းမှာရှိတဲ့ တိုင်းရင်းသားကျေးရွာပေါင်း ၂၈ ရွာက ဒေသခံ ၁၀၀ ကျော်ဟာ သရေကုန်ဘောင်ကျေးရွာမှာ မနေ့က ဆွေးနွေးခဲ့တာဖြစ်ပြီး သူတို့ရဲ့ သဘောထားကို ဒီနေ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အစိုးရအနေနဲ့ မွတ်စလင်တွေကို သူတို့ရဲ့မူလနေရာတွေမှာ ပြန်လည်နေရာချထားမယ်ဆိုရင် မောင်တောမြို့နယ် တောင်ပိုင်းကျေးရွာတွေအားလုံးက တိုင်းရင်းသားတွေအားလုံး နေရပ်စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့လည်း ပြောပါတယ်။

တစ်ဘက်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ မွတ်စလင်တွေကို လက်ခံမယ့်ကိစ္စကို အဆောတလျင်မပြုလုပ်ဖို့နဲ့ မွတ်စလင်တွေကို ပြန်လည်နေရာချထားရေး ဆောင်ရွက်ရာမှာလည်း စခန်းတွေနဲ့ စုစည်းထားရှိဖို့နဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ စီစစ်ပေးဖို့ကိုလည်း သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို မောင်တောမြို့နယ်အတွင်း ဝင်ရောက်ခွင့်မပြုဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ဒေသခံတွေရဲ့ သဘောထားရပ်တည်ချက်တွေကို မကြာခင်မှာ မြို့နယ်အဆင့်ဆွေးနွေးပွဲတစ်ခုပြုလုပ်ပြီး အစိုးရထံ တောင်းဆိုတင်ပြတာတွေ လုပ်ဆောင်သွားမယ်လို့ ဝေသာလီကျေးရွာက ကိုဝင်းမောင်ကပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ