ကော့သောင်းမြို့တွင် လမ်းသွားလမ်းလာပြည်သူများအား ကားနှင့် လိုက်လံတိုက်ခိုက်မှုဖြစ်ပွား၊ ၁၁ ဦး ဒဏ်ရာရ

ကော့သောင်းမြို့တွင် ယာဉ်တိုက်မှုဖြစ်ပွား
ကော့သောင်း ၊ နိုဝင်ဘာ ၁၉ရက်

ကော့သောင်းမြို့ ၊ သီရိမြိုင်ရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းတစ်လျောက် နိုဝင်ဘာလ ၁၈ ရက်နေ့ညယမန်နေ့ည ၁၀နာရီအချိန်ခန့် က မော်တော်ယာဉ်တစ်စီး မှ လမ်းပေါ်ရှိတွေ့ရာ မော်တော်ဆိုင်ကယ် နှင့် လမ်းသွားလမ်းလာပြည်သူများအား ရုပ်ရှင်ဆန်ဆန် အရှိန်ပြင်းစွာမောင်းနှင် လိုက်လံတိုက် ခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့ ညပိုင်း က ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက် ရှိ ဈေးရောင်းပွဲတော်ကျင်းပလျှက်ရှိသည့် ပြည်သူ့ရင်ပြင်ဘေး ဗိုလ်ချုပ်လမ်းပေါ်တွင် အောင်လွင်(၄၈)နှစ် သူမောင်းနင်လာသည့် XILUX VIGO အမျိုးအစား(ခဲရောင်) ၊ယာဉ်အမှတ်4K/---------သည် ကော့သောင်းမြို့ တွင်းသို့ မောင်းနင်လာစဉ် ပွဲတော်သို့လာရောက် လည်ပတ်ပြီး အိမ်ပြန်ရန် တဖက်ယာဉ်ကြော၌ ရပ်တန့်ထားသည့် ၀င်းထွန်း(၂၃)နှစ် နှင့်သားဖြစ်သူသန့်ဇင်ဖြိုး(၄)နှစ်အား တင်ဆောင်ထားသည့် မော်တော်ဆိုင်ကယ် အား ၀င်ရောက်တိုက်မိကာ မြို့တွင်းသို့မောင်းနင်ထွက်ပြေးခဲ့သည်။

 ရဲတပ်ဖွဲ့ဝင်များ၏ သတင်းပေးပို့ချက် အဆင့်ဆင့်ဖြင့် လမ်းဆုံလမ်းခွများအလိုက် ၊ လိုက်လံ တားဆီး ရာ မော်တော်ကား မှာ ရပ်တံ့ပေးခြင်းမရှိဘဲ လာလမ်း အတိုင်းပြန်လည်မောင်းနင်ထွက်ပြေးရာ အေးမြကန်သာရပ်ကွက် ၊ ဓာတ်ဆီဆိုင်လမ်းဆုံတွင် တဖက်ယာဉ်ကြောအတိုင်း ဦးမြင့်လွင်(၅၂)နှစ် နှင့် ဇနီးဒေါ်ခင်စန်းတင့် သမီးမယွန်းမီမီလွင်တို့စီးနင်းလာသည့် Wave 110 ဖြူ/နီရောင်ဆိုင်ကယ်အားလည်းကောင်း ၊ ၀င်းလှိုင်(၃၅)နှစ် မောင်းနင်လာသည့် Wave 110ခဲ/ပြာရောင်ဆိုင်ကယ် အားလည်းကောင်း ၊ ဆန်းဦး(၃၇)နှစ် နှင့်ဇနီးဖြစ်သူ မဝေေ၀ အားတင်ဆောင်မောင်းနှင် လာသည့် Honda Click ဖြူ/ရွှေရောင်ဆိုင်ကယ်အားလည်းကောင်း ၊ နိုင်နိုင်ကျော်(၁၈)နှစ် နှင့် ဖြိုးမင်းတို့စီးနင်းလာသည့်Honda Click ဖြူ/နက် ရောင်ဆိုင်ကယ်တို့အားဆက်တိုက် ထပ်မံတိုက်မိခဲ့သည်။

အဲဒီနောက် ကော့သောင်း - ဘုတ်ပြင်းလမ်းအတိုင်း ဆက်လက် မောင်းနင်ထွက်ပြေးခဲ့ပြီး ဘန်ကချွန်ကျေးရွာအနီး မျက်နှာခြင်းဆိုင် မှ ထွန်းထွန်းနိုင်(၂၃)နှစ် မောင်းနှင်လာသည့် Wave I 125 အဖြူရောင်ဆိုင်ကယ်အား ထပ်မံတိုက်ကာ ဆက်လက်မောင်း နှင်ထွက်ပြေးစဉ် ကော့သောင်း-ဘုတ်ပြင်းလမ်းပိုင်း မလိဝမ်းကျေးရွာ အရောက် မလိဝမ်းရဲကင်းစခန်းမှူး ဒုရဲအုပ်ဥာဏ်လင်းထွန်းဦးစီးအဖွဲ့ မှ အဝေးပြေးလမ်းမပေါ် ၀ိုင်းဝန်းပိတ်ဆို့ဖမ်းဆီး ရာ အဆိုပါည (၁၁း၄၀)နာရီတွင် တားဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရပါသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ မော်တော်ယာဉ်ဖြင့်တိုက်မိသူ (၁၁)ဦးဖြစ်ရာ ကော့သောင်းခရိုင်ဆေးရုံကြီးသို့ အတွင်းလူနာများအဖြစ် တင်ပို့ကုသမှုခံယူလျှက်ရှိပြီး ဦးမြင့်လွင်ဆိုသူစိုးရိမ်ရသည့်လူနာ(၁)ဦးမှလွဲ၍ သေဆုံးသူမရှိကြောင်း ၊ ယာဉ်မဆင်မခြင်မောင်း နှင်သူအောင်လွင်(၄၈)နှစ် အားအရက်သေစာနှင့် မူးယစ်ဆေးဝါးသုံးစွဲထား မှုရှိမရှိဆက်လက်စစ်ဆေးလျှက်ရှိပြီးကော့သောင်းမြို့မ ရဲတပ်ဖွဲ့စခန်းမှ အမှုဖွင်အရေးယူဆောင်ရွက်ထားရှိကြောင်းသိရသည်။

ကျော်စိုး (ကော့သောင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကော့သောင်းမြို့တွင် လမ်းသွားလမ်းလာပြည်သူများအား ကားနှင့် လိုက်လံတိုက်ခိုက်မှုဖြစ်ပွား၊ ၁၁ ဦး ဒဏ်ရာရ ကော့သောင်းမြို့တွင် လမ်းသွားလမ်းလာပြည်သူများအား ကားနှင့် လိုက်လံတိုက်ခိုက်မှုဖြစ်ပွား၊ ၁၁ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 19:55 Rating: 5
Powered by Blogger.