မောင်တောမြို့နယ်၌ အလောင်း ၃ လောင်း တွေ့ရှိ


နိုဝင်ဘာ ၂၁ ၊ ၂၀၁၇

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၉ ရက်၊ နံနက် ၇ နာရီတွင် မောင်တောမြို့နယ်၊ မြို့သူကြီးကျေးရွာအုပ်စု ၊ သောင်ပညာကျေးရွာ ချောင်းစပ်၌ လူ ၁ ဦး သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ နံနက် ၉ နာရီခွဲတွင် ဝေသာလီဂေါက်ကွင်း အနောက်ဘက် သောင်ပညာချောင်းစပ်၌ ပုပ်ပွနေသည့် အလောင်း ၁ လောင်း၊ နံနက် ၉ နာရီ မိနစ် ၅၀ တွင် ပုပ်ပွနေသည့် အလောင်း ၂ လောင်း စုစုပေါင်း အလောင်း ၃ လောင်းအား လက်ပြန်ကြိုး တုပ်လျက် လည်ပင်းပြတ်ရှ ဒဏ်ရာ ၁ ချက်စီဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သဖြင့် မောင်တော ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

စုံစမ်းချက်များအရ သေဆုံးသူများမှာ မြို့မ ကညင်တန်းရပ်ကွက်နေ မူဟာမတ်အီဒရစ်(၂၅)နှစ်၊ အဘူဟိုက် (၁၈) နှစ် နှင့် ဟာမိတ်တူဆောင်း (၂၂) နှစ် တို့ ဖြစ်ကြောင်း သိရပြီး တရားခံအား ဖမ်းဆီးရမိရေးအတွက် ပြင်ဖြူနယ်မြေရဲစခန်းမှ အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Information Committee
https://www.facebook.com/InfomationCommittee/
မောင်တောမြို့နယ်၌ အလောင်း ၃ လောင်း တွေ့ရှိ မောင်တောမြို့နယ်၌ အလောင်း ၃ လောင်း တွေ့ရှိ Reviewed by THITHTOOLWIN on 18:41 Rating: 5
Powered by Blogger.