မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်အရေးအပေါ် စိတ်ရှည်သည်းခံကြရန် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ပြောကြား

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Wu Haitao အားတွေ့ ရစဉ်(ဆင်ဟွာ)
    ကုလသမဂ္ဂ ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ)

    မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၌ ဖြစ်ပွားနေသော အရေးကိစ္စရပ်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်း နှင့် ကမ္ဘာ့ အဖွဲ့ အစည်း အနေဖြင့် စိတ်ရှည်သည်းခံကြရန် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးက နိုဝင်ဘာ ၂ ရက်တွင် ပြောကြားလိုက်သည်။

မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ရလဒ်အနေဖြင့် ရခိုင်ပြည်နယ်တွင် တည်ငြိမ်အေးချမ်းမှုကို ဦးတည်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Wu Haitao က လုံခြုံရေးကောင်စီ၌ ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် အရေးကိစ္စသည် ရှုပ်ထွေးသောသမိုင်း နောက်ခံအကြောင်းအရာ ၊ တိုင်းရင်းသား နှင့် ဘာသာရေး အခြေခံအကြောင်းအရာများ နှင့် ပဋိပက္ခများမှာ ကာလရှည်ကြာ ကတည်းက ဖြစ်ပွားလာခဲ့ခြင်းဖြစ်ကြောင်း Wu က ဆိုသည်။

မြန်မာနိုင်ငံ အစိုးရ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရတို့ သည် ဒုက္ခသည်ပြဿနာကို အဖြေရှာရန် ဆွေးနွေးမှု နှင့် ညှိနှိုင်းမှုများ ဆောင်ရွက်လျက်ကြောင်း ၊ ကုလသမဂ္ဂ နှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စိတ်ရှည်သည်းခံသင့်ကြောင်း နှင့် အပြုသဘောဆောင်သော ထောက်ပံ့ကူညီမှု နှင့် အရေးကိစ္စရပ်ကို သင့်တင့်ကောင်းမွန်စွာ ဖြေရှင်းရန်အတွက် မြန်မာအစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက် သင့်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်အရေးအပေါ် စိတ်ရှည်သည်းခံကြရန် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ပြောကြား မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်အရေးအပေါ် စိတ်ရှည်သည်းခံကြရန် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ပြောကြား Reviewed by THITHTOOLWIN on 17:47 Rating: 5
Powered by Blogger.