မြန်မာနိုင်ငံမှ သင်းခွေချပ် ၈၄ ကောင်၊ ထိုင်းနို်င်ငံမှောင်ခိုဈေးကွက်မှာ လာရောက်ရောင်းချနေ


မြန်မာနိုင်ငံတွင်းကနေ သွင်းခွေချပ် အကောင်တွေ မှောင်ခိုဈေးကွက်မှာ ၀ယ်အားကောင်းနေလို့   မြ၀တီဘက်ကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ ကို နယ်စပ်ဂိတ်ကို ဖြတ်ပြီး သယ်လာတဲ့ သင်းခွေချပ် ၈၄ ကောင် (ကျပ်ငွေ ၄၄၂သိန်း)ကို နိုဝင်လာလ ၂၄ ရက်နေ့ က ဖမ်းမိခဲ့ကြောင်း သိရတယ်။

ကာလတန်ဘိုးနဲ့ ဆိုရင် ထိုင်းနိုင်ငံပေါက်ဈေး သင်းခွေချပ်တကောင်ကို ဘတ်ငွေ (၁၂၆၀၀) ကျော် ကျပ်ငါးသိန်းနှစ်သောင်းကျော် ပေါက်ပါတယ်။

ခုလိုမှောင်ခိုတင်းသွင်းလာတာကို သစ်တောထိန်းသိမ်းရေးအဖွဲ့ တွေက တောရိုင်း တိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ၁၉ ၉ ၂ အရ တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်။


လက်ရှိမြန်မာနိုင်ငံအတွင်းမှာ သစ်တောတွေပြုန်းတီးနေတာ အပြင် တောကောင်တွေပါ ဖမ်းရောင်းနေကြပြီး မှောင်ခိုစီးပွားရေးသမားတွေဟာ တောကောင်မျိုးစုံကို မြန်မာ ပြည်တွင်းကနေ ကားစီးလုံးလိုက် သယ်လာပြီး ရောင်းချနေကြတာဖြစ်ပါတယ်။

Social Action for Children and Women - SAW
မြန်မာနိုင်ငံမှ သင်းခွေချပ် ၈၄ ကောင်၊ ထိုင်းနို်င်ငံမှောင်ခိုဈေးကွက်မှာ လာရောက်ရောင်းချနေ မြန်မာနိုင်ငံမှ သင်းခွေချပ် ၈၄ ကောင်၊ ထိုင်းနို်င်ငံမှောင်ခိုဈေးကွက်မှာ လာရောက်ရောင်းချနေ Reviewed by THITHTOOLWIN on 20:41 Rating: 5
Powered by Blogger.