မြိတ်မြို့ တွင် မိခင်၏လည်​ပင်းအား ဓားဖြင့်လှီးဖြတ်ပြီး မိမိကိုယ်​ကိုယ်​ ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွား

 မြိတ်မြို့ ပါရမီ(၂)ရပ်ကွက်တွင် သားဖြစ်သူက မိခင်၏လည်​ပင်းအား ဓားဖြင့်လှီးသဖြင့် မိခင်အား ဆေးရုံသို့ပို့နေစဉ် သားဖြစ်သူက မိမိကိုယ်​ကိုယ်​ ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွား

၂၉.၁၁.၂၀၁၇ ရက် မွန့်တည့် (၁၂)နာရီအချိန်ခန်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ အလယ်ကျွန်းနယ်မြေ ပါရမီ(၂)ရပ်ကွက် ဂန္ဓမာ(၂)လမ်းတွင် သားဖြစ်သူက မိခင်၏လည်​ပင်းအား ဓားဖြင့်လှီးသဖြင့် မိခင်အား ဆေးရုံသို့ပို့နေစဉ် သားဖြစ်သူမှာ မိမိကိုယ်​ကိုယ်​ ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

အဆိုပါ ပါရမီ(၂)ရပ်ကွက် ဂန္ဓမာ(၂)လမ်းတွင် နေထိုင်သူ မိခင်ဖြစ်သူ ဒေါ်ခင်မာနွယ် အသက်(၆၅)နစ်အား အရက်သေစားသောက်စား မူးယစ်နေသည့် သားဖြစ်သူ ခင်မောင်ထွေး (ခ) အာလီ အသက်(၃၅)နစ် (ဘ)ဦးဝင်းရှိန်သည် နေအိမ်အတွင်း မိခင်ဖြစ်သူအား ဓားဖြင့် လည်​ပင်းအားလှီးခဲ့ခြင်း ဖြစ်သည်။

 မိခင်ဖြစ်သူမှာ လည်​ပင်းတွင် ဓားဒဏ်ရာဖြင့် နေအိမ်အတွင်းမှ ထွက်ပြေးလာစဉ် ပါရမီ၂ရပ်ကွက်နေ ပြည်သူတစ်ဦးမှ တွေမြင်ဟန့် တား၍ မိခင်ဖြစ်သူ ဒေါ်ခင်မာနွယ်အား မြိတ်ပြည်သူဆေးရုံးကြီးသို့ ပို့ဆောင်၍ ဆေးဝါးကုသခံယူပေးနေစဉ် အချိန်အတွင်း၌ပင် သားဖြစ်သူ ခင်မောင်ထွေး (ခ) အာလီသည် မိမိနေအိမ်အတွင်း၌ အရှည်(၄)ပေရှိ နိင်းလွန်းကြိုးဖြင့် မိမိကိုယ်​ကိုယ်​ ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွား ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ကြိုးဆွဲချ သေဆုံးသူ သားဖြစ်သူ ခင်မောင်ထွေး (ခ)အာလီအား သက်ဆိုင်ရာမှ မြိတ်ပြည်သူဆေးရုံးကြီး ရင်ခွဲရုံးသို့ ဂရုဏာ နာရေးကူညီမှုအသင်း ယာဉ်ဖြင့် ပို့ဆောင်ပေးပြီး မိခင်ဖြစ်သူ ဒေါ်ခင်မာနွယ်မှာ မြိတ်ပြည်သူဆေးရုံးကြီးတွင် လည်​ပင်း ဓားလှီးဒဏ်ရာများဖြင့် အရေပေါ်ဆေးကုသခံယူနေရသဖြင့် မြိတ်မြို့မရဲစခန်းမှ အဆိုပါဖြစ်စဉ်နင့်ပတ်သက်၍ စစ်ဆေးအရေးယူ ဆောင့်ရွက်လျှက်ရှိပါကြောင်း သိရှိရပါသည်။

Mingalar Bar Myeik
မြိတ်မြို့ တွင် မိခင်၏လည်​ပင်းအား ဓားဖြင့်လှီးဖြတ်ပြီး မိမိကိုယ်​ကိုယ်​ ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွား  မြိတ်မြို့ တွင် မိခင်၏လည်​ပင်းအား ဓားဖြင့်လှီးဖြတ်ပြီး မိမိကိုယ်​ကိုယ်​ ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:14 Rating: 5
Powered by Blogger.