ချောက်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ် ၁ ဦးသေဆုံး၊ ၁၃ ဦး ဒဏ်ရာရ


၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ ၁၂ရက်နေ့ ၊ နံနက် ၉ နာရီ ၃၀ မိနစ် အချိန်ခန့် က မကွေးတိုင်း ဒေသကြီး  ချောက်မြို့နယ် ၊ သလုံးသွေး-သစ်တိုကန်ကျေးလက်လမ်း၌ ခင်မောင်ဝင်း ၊ စမ်းကန်ကျေးရွာ ၊ ချောက်မြို့နယ်နေသူမောင်းနှင်လာသည့် 7G/xxxx Canter(၆)ဘီးယာဉ်မှာ ယာဘက်တိုင်းရော့ ပြုတ်ထွက်သွားခဲ့သဖြင့် လမ်းယာဘေးရှိသစ်ပင်အား ဝင်ရောက်တိုက်မိပြီး တိမ်းမှောက်သွားခဲ့ကြောင်း သိရပါသည်။

 အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ဒေါ်ဖြူခင် ၊ (၇၅)နှစ် ၊ စမ်းကန်ကျေးရွာ ၊ ချောက်မြို့နယ်နေသူတွင် ဝဲ/ယာနံစောင်းညိုမဲဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သည်။

ယာဉ်မောင်း ခင်မောင်ဝင်းပါ ၃ ဦး(ကျား၁ဦး၊ မ၂ဦး)တို့တွင် ဦးခေါင်းထိပ်၊ နဖူး၊ နှာခေါင်း ပေါက်ပြဲ၊ ရင်ဘတ်အောင့်ဒဏ်ရာ(စိုးရိမ်ရ)နှင့် ဦးစောဝင်း၊(၅၄)နှစ်၊ စမ်းကန်ကျေးရွာ ၊ ချောက်မြို့နယ်နေသူပါ ၁၀ ဦး(ကျား ၂ဦး၊ မ ၈ဦး)တို့တွင် ယာချိုစောင်းပေါက်ပြဲ ၊ ယာ/ဝဲလက်မောင်းဖူးရောင်၊ ရင်ဘတ်အောင့်ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် နံနက် ၁၀ နာရီ ၁၅ မိနစ် အချိန်တွင် ချောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။

နံနက် ၁၁ နာရီ ၅၀ အချိန် တွင် ခင်မောင်ဝင်း (ဖမ်းမိ) အား ချောက်မြို့မရဲစခန်းမှ ယာဉ်(ပ)၄၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄က/၃၃၇/၃၃၈(ပေါ့လျော့မှုကြောင့် လူသေမှု/သာမန်/ပြင်းထန် နာကျင်စေမှု) ဖြင့် အမှုဖွင့်စစ် ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီး ဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ချောက်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ် ၁ ဦးသေဆုံး၊ ၁၃ ဦး ဒဏ်ရာရ  ချောက်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ် ၁ ဦးသေဆုံး၊ ၁၃ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 16:58 Rating: 5
Powered by Blogger.