ရက်ပိုင်းအတွင်း ဘေရွတ်ပြန်လာမယ်လို့ ဟာရီရီ ပြောပြန်ပြီ

 ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်း နဲ့ လက်ဘနွန် ဝန်ကြီးချုပ် ဆာ့ဒ် ဟာရီရီ
လက်ဘနွန် ဝန်ကြီးချုပ် ဆာ့ဒ် ဟာရီရီဟာ လာမယ့် ရက်ပိုင်းအတွင်း ဘေရွတ်မြို့ကို ပြန်လာမယ်လို့ ပြောပါတယ်။

ဆော်ဒီကို ရောက်ရှိစဉ် ရာထူးက နုတ်ထွက်ဖို့ ကြေညာခဲ့တာကြောင့် လူအများက တုန်လှုပ်ခဲ့ကြတာ ဖြစ်ပြီး အဲဒီကတည်းက အခုထိ လက်ဘနွန် ပြန်မရောက်သေးပါဘူး။

သူရာထူးကနုတ်ထွက်မှုဟာ ဆော်ဒီ အာဏာပိုင်တွေရဲ့ ခြိမ်းခြောက် အကြပ်ကိုင်မှုကြောင့်လို့ လက်ဘနွန် ပြည်သူ အများက သံသယ ရှိနေပြီးသူ့ဆန္ဒမပါဘဲ ဆော်ဒီမှာ ထိန်းသိမ်းခံနေရတာလို့ ထင်နေကြပါတယ်။

ဒါပေမယ့် မစ္စတာ ဟာရီရီက ပဲရစ်ကို သွားပြီး သမ္မတ မက်ခရွန်းနဲ့ ဆွေးနွေးခဲ့ပြီးနောက်မှာ လာမယ့် ဗုဒ္ဓဟူးနေ့ လက်ဘနွန် လွတ်လပ်ရေးနေ့ကျင်းပတဲ့အခါ ဘေရွတ်မြို့မှာ သူရှိနေမှာပါလို့ ပြောကြားခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ