ကျောင်းကုန်းမြို့တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် လူသန့်ချောင်အုပ်စု လူသန့်ချောင်ရွာမှာ နိုဝင်ဘာ(၂၈)ရက် နံနက်ပိုင်းက အမျိုးသားတစ်ဦးကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 အမှုမှာ လူသန့်ချောင်အုပ်စု/ရွာနေ ဝင်းအောင်(ခ)ချက်ဖောင်းဟာ သူအလုပ်လုပ်ကိုင်ရာ ဦးတင်အောင်ရဲ့ နေအိမ်နောက်ဖေး တင်းကုတ်ကွပ်ပျစ်မှာ နေထိုင်ပြီး မနက်(၄)နာရီခန့်က သူနဲ့အလုပ်တူ လုပ်ကိုင်သူမောင်ရဲထက်အောင်ဟာ အပေါ့ထသွားစဉ် နွားတင်းကုတ်အမြင့် (၇)ပေခန့်
ထုတ်တန်းမှာ အစိမ်းရောင်သုံးပင်လိမ် နိုင်လွန်ကြိုးနဲ့ ၀င်းအောင်(ခ)ချက်ဖောင်း ကြိုးဆွဲချသေဆုံးနေတာကို တွေ့ရှိရတာဖြစ်တယ်လို့ သိရပါတယ်။

 အဲဒီသေဆုံးမှုနဲ့ပတ်သက်ပြီး ကျောင်းကုန်းမြို့မရဲစခန်းက ခေတ္တစခန်းမှူးရဲအုပ်အောင်ကိုကိုလွင်ကို လူသန့်ချောင်ရွာအုပ်ချုပ်ရေးမှူးက ဖုန်းနဲ့အကြောင်းကြားမှုအရ သက်သေတွေနဲ့ အတူ သွားရောက်ကြည့်ရှုခဲ့ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ဖို့ မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကာ ကျောင်းကုန်းမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ်(၁၂/၂၀၁၇)နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ဒီသတင်းကို ဝင်းကြိုင်(ကျောင်းကုန်း) ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
ကျောင်းကုန်းမြို့တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား ကျောင်းကုန်းမြို့တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 16:20 Rating: 5
Powered by Blogger.