တောဆင်ရိုင်း တစ်ကောင်အား ဖမ်းဆီးခေါ်ဆောင်လာစဉ် အမောဆို့ သေဆုံး


သံတွဲ နိုဝင်ဘာ ၁ဝ

သံတွဲမြို့နယ် လှေကြီးချိုင်ကျေးရွာရှိ တောင်သို့ နိုဝင်ဘာ ၉ ရက် နံနက်က တောဆင်ရိုင်း အမတစ်ကောင်နှင့် သားပေါက် အထီးတစ်ကောင် ရောက်ရှိ နေကြောင်း သိရသဖြင့် ပူးပေါင်းအဖွဲ့ များက ဖမ်းဆီး ခေါ်ဆောင်လာစဉ် ဆင်အမတစ်ကောင်မှာ အမောဖောက်၍ သေဆုံးခဲ့သည်။

နိုဝင်ဘာ ၉ ရက် နံနက်က အဆိုပါ လှေကြီးချိုင်ကျေးရွာသို့ ဆင်ဆရာဝန် ဒေါက်တာစံလင်း၊ သစ်တောဦးစီးဌာန မှ တောအုပ်ကြီး ငြိမ်းချမ်းကျော်နှင့် ဆင်ဦးစီး ဦးနေအောင်ပါ ခြောက်ဦးအဖွဲ့ တို့ပူးပေါင်း သွားရောက်ကာ ဆင်အမ ကြီးအား မေ့ဆေးသေနတ်ဖြင့် ပစ်ဖမ်း ပြီး ထူးခတ်ကြိုးချည်၍ သစ်ထုတ်လုပ် ရေးဆင်လေးကောင်ဖြင့် တောင်ပေါ်မှ ခေါ်ဆောင်လာစဉ် ဝက်ထီးတောင် ကျေးရွာအုပ်စု ထီးထူးရွာအနောက်ဘက် ပင်လယ်ကမ်းစပ်အရောက် ယင်းနေ့ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်က ဆင်အမကြီး မှာ အမောဆို့ သေဆုံးသွားကြောင်း သိရသည်။

အဆိုပါဆင်မကြီးမှာ အသက် ၅၅ နှစ်ခန့်ရှိပြီး အလျား၁၂ ပေ၊ အမြင့် ခုနစ် ပေ ၊ လုံးပတ် ၁၂ ပေနှင့် နှာမောင်း အရှည် ငါးပေခွဲရှိပြီး ဆင်သားပေါက် အထီးမှာ နှာမောင်းအရှည် သုံးပေခွဲ၊ အစွယ် ခြောက်လက်မခန့်၊ အလျား လေးပေခွဲ၊ အမြင့် လေးပေ ရှစ်လက်မ၊ လုံးပတ် ခြောက်ပေရှိကာ အသက် လေးနှစ်ခန့်ရှိကြောင်း သိရသည်။

အဆိုပါဆင်သားပေါက်အထီးအား တောင်ကုတ် ဆင်စခန်းတွင် ထိန်းသိမ်း ထားရှိမည်ဖြစ်ကြောင်း သံတွဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တောဆင်ရိုင်း တစ်ကောင်အား ဖမ်းဆီးခေါ်ဆောင်လာစဉ် အမောဆို့ သေဆုံး တောဆင်ရိုင်း တစ်ကောင်အား ဖမ်းဆီးခေါ်ဆောင်လာစဉ် အမောဆို့ သေဆုံး Reviewed by THITHTOOLWIN on 11:04 Rating: 5
Powered by Blogger.