ပြည်န၀ဒေးတံတားပေါ်မှ ပထမနှစ်စက်မှုကျောင်းသား တစ်ဦး ခုန်ချ


ပန်းတောင်း - နိုဝင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ န၀ဒေးဧရာဝတီမြစ်ကူးတံတားပေါ်မှ ပြည်မြို့စက်မှုထက်တန်းကျောင်း ပထမနှစ်ကျောင်းသားတစ်ဦး ဧရာဝတီမြစ်အတွင်းသို့ ခုန်ချမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး ပြည်မြို့ စက်မှုအထက်တန်းကျောင်းမှ ပထမနှစ်ကျောင်းသားမောင်ဉာဏ်လင်းရွှေ(၁၅)နှစ် လောကနတ်အရက်ဆိုင် မူယာပင်ရပ်ကွက် ဗိုလ်ချုပ်လမ်းနေသူသည် သူငယ်ချင်းဖြစ်သူ မောင်အောင်ချမ်းမင်း(၁၅)နှစ် န၀မတန်းကျောင်းသားနှင့်အတူ နိုဝင်ဘာ ၉ ရက် ညနေ ၆ နာရီခန့်က န၀ဒေးဧရာဝတီမြစ်ကူးတံတားပေါ်သို့ လမ်းလျှောက်ရောက်ရှိလာပြီး ရေလည်တိုင်အမှတ်(၂)နှင့် (၃)အကြား လူသွားစင်္ကြန်တွင် ခေတ္တထိုင်ကြကာ မောင်အောင်ချမ်းမင်းက တယ်လီဖုန်းဖြင့် အင်တာနက်သုံးနေစဉ် မောင်ဉာဏ်လင်းရွှေသည် ဧရာဝတီမြစ်အတွင်းသို့ ခုန်ချသွားခဲ့သည်။


မောင်ဉာဏ်လင်းရွှေသည် လောကနတ်အရက်ဆိုင်ပိုင်ရှင် ဦးသင်းလှိုင်ရွှေ၏ တူအရင်းတော်စပ်ပြီး မည်သည့်အတွက်ကြောင့် ဧရာဝတီမြစ်အတွင်းသို့ ခုန်ချသွားကြောင်း ပန်းတောင်းမြို့မရဲစခန်းမှ စုံစမ်းစစ်ဆေးလျက်ရှိပြီး ဧရာဝတီမြစ်အတွင်း၌ န၀ဒေးရဲကင်းမှူး မျိုးဇော်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ပြည်မြို့၊ ပန်းတောင်းမြို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် စက်လှေများဖြင့် အလောင်းအား ယနေ့တိုင် ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။

အောင်မြင့်(ပန်းတောင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ပြည်န၀ဒေးတံတားပေါ်မှ ပထမနှစ်စက်မှုကျောင်းသား တစ်ဦး ခုန်ချ  ပြည်န၀ဒေးတံတားပေါ်မှ ပထမနှစ်စက်မှုကျောင်းသား တစ်ဦး ခုန်ချ Reviewed by THITHTOOLWIN on 19:57 Rating: 5
Powered by Blogger.