ရခိုင် ၇ ဦးကို ဘင်္ဂလီများ အုပ်စုလိုက် ဓါးဖြင့်လိုက်ခုတ်၊ တစ်ဦးဒဏ်ရာပြင်းထန်


နိုဝင်ဘာ ၂၊ DMG

မောင်တောမြို့နယ် သရေကုန်ဘောင်ကျေးရွာမှ ရခိုင်တိုင်းရင်းသား နှစ်ဦးကို ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ညောင်ပင်ကြီးကျေးရွာနေ ဘင်္ဂါလီများက အုပ်စုလိုက် ဓါးဖြင့်လိုက်ခုတ်မှု ဖြစ်ပွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဖြစ်စဉ်မှာ သရေကုန်ဘောင်ကျေးရွာနေ ဦးသူရထွန်း၊ ဦးလှသန်းမောင်နှင့် အတူ စုစုပေါင်း ရွာသား ၇ ဦးမှာ ငါးရှာဖွေ၍ ပြန်လာစဉ် ညောင်ပင်ကြီးကျေးရွာမှ ဘင်္ဂလီများက အုပ်စုလိုက် ဓါးဖြင့် လိုက်ခုတ်ကြကြောင်း သရေကုန်ဘောင်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

ဓါးအခုတ်ခံရ၍ ဦးလှသန်းမောင် (အသက် ၅၃ နှစ်) မှာ ပြင်းထန်ဒဏ်ရာဖြင့် မောင်တောဆေးရုံတွင် ဆေးကုသနေကြောင်း ယင်းအုပ်ချုပ်ရေးမှူးက ပြောသည်။

ယနေ့ နံနက်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စစ်တွေမြို့သို့ ရောက်ရှိလာခဲ့ပြီး ၉ နာရီ ၄၀ မိနစ်တွင် မောင်တောသို့ ထွက်ခွာသွားပြီး ညနေ ၃ နာရီဝန်းကျင်မှ စစ်တွေမြို့သို့ ပြန်လည်ထွက်ခွာလာခဲ့သည်။ စစ်တွေလေဆိပ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် နာရီဝက်ကျော်ကြာ တွေ့ဆုံပြီး ရန်ကုန်သို့ ပြန်လည်ထွက်ခွာသွားသည်။

သတင်း၊ ဓါတ်ပုံ - ချလူးအောင်၊ DMG
Development Media Group
https://www.facebook.com/dmgnewsagency/
ရခိုင် ၇ ဦးကို ဘင်္ဂလီများ အုပ်စုလိုက် ဓါးဖြင့်လိုက်ခုတ်၊ တစ်ဦးဒဏ်ရာပြင်းထန် ရခိုင် ၇ ဦးကို ဘင်္ဂလီများ အုပ်စုလိုက် ဓါးဖြင့်လိုက်ခုတ်၊ တစ်ဦးဒဏ်ရာပြင်းထန် Reviewed by THITHTOOLWIN on 23:43 Rating: 5
Powered by Blogger.