သာစည်မြို့နယ်၌ အမျိုးသားတစ်ဦးမှ ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ နေအိမ်လိုင်းခန်းပေါ်တက်၍ သူနာပြုဆရာမအား လည်ပင်းညှစ်


မိတ္ထီလာ၊ နိုဝင်ဘာလ၂၉

သာစည်မြို့ အမှတ်(၄)ရပ်ကွက် ၊ ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ နေအိမ်လိုင်းခန်းပေါ် တက်၍ သူနာပြုဆရာမအား နိုဝင်ဘာလ၂၈ရက်နေ့ နံနက် ၃ နာရီအချိန်က အမျိုးသားတစ်ဦးမှ လည်ပင်းညှစ် ကိုယ်ထိလက်ရောက်ပြု လုပ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သာစည်မြို့ အမှတ်(၄)ရပ်ကွက် ၊ ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ နေအိမ်လိုင်းခန်း၌ မလဲ့ယဉ်မြင့်(၂၇)နှစ်၊ သူနာပြုဆရာမတစ်ဦးတည်း အိပ်နေစဉ် လူတစ်ဦးမှ နေအိမ်လိုင်းခန်းတွင် ကာရံထားသည့် ဝါးထရံအားဖွင့်ပြီး အိပ်နေသည့် အခန်းအတွင်းသို့ ဝင်ရောက်လာကာ လည်ပင်းညစ်ခြင်း ဖြစ်သည်။

 မလဲ့ယဉ်မြင့်အား လည်ပင်း ညှစ်ထားခဲ့သဖြင့် အော်မည်ပြုစဉ် အိမ်ပေါ်တက်လာသူ အမည်မသိအမျိုးသားမှ ပါးစပ်အားလက်ဖြင့် ပိတ်ထားသဖြင့် မလဲ့ယဉ်မြင့်မှ ရုံးကန်ပြီး အဆိုပါလူအားလက်သီးဖြင့် ထိုးခဲ့ရာ ၎င်းလူမှာ ပက်လက်လန်လဲကျသွားသဖြင့် နေအိမ်ရှိ လျှပ်စစ်မီးရောင်ဖြင့် ကြည့်ရာ အမှတ်(၄)ရပ်ကွက်နေ ဦးထွန်းနေလင်း၏သား ဖြိုးသန့်ကျော်ဖြစ်ကြောင်း သိရှိရပြီး နောက် ဖြိုးသန့်ကျော်မှာ နေအိမ်ပြတင်းပေါက်မှ ခုန်ချထွက်ပြေးသွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ နေအိမ်လိုင်းခန်းပေါ်သို့ တက်ရောက်ပြီး လည်ပင်းညှစ်ကိုယ်ထိလက်ရောက်ပြုလုပ်သူ ဖြိုးသန့်ကျော်အား  အရေးယူပေးရန် သာစည်မြို့မရဲစခန်းသို့ တိုင်တန်းခဲ့ရာ ရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်ထားကြောင်းသိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
သာစည်မြို့နယ်၌ အမျိုးသားတစ်ဦးမှ ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ နေအိမ်လိုင်းခန်းပေါ်တက်၍ သူနာပြုဆရာမအား လည်ပင်းညှစ် သာစည်မြို့နယ်၌ အမျိုးသားတစ်ဦးမှ ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ နေအိမ်လိုင်းခန်းပေါ်တက်၍ သူနာပြုဆရာမအား လည်ပင်းညှစ် Reviewed by THITHTOOLWIN on 17:33 Rating: 5
Powered by Blogger.