သွေးတိုးရောဂါ သွေးပေါင်ကန့်သတ်ချက်ပြင်ဆင်


အမေရိကန် နှလုံးရောဂါဆိုင်ရာ ဆေးပညာအဖွဲ့နဲ့ အမေရိကန် နှလုံးကုသမှု ဆိုင်ရာကောလိပ် တို့က ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သွေးတိုးရောဂါဖြစ်ပွားမှု သတ်မှတ်တဲ့ အဆင့်ကို ပြင်ဆင် သတ်မှတ်လိုက်ပါတယ်။

အရင်က သွေးတိုးရောဂါဖြစ်ပွားတယ် ဆိုတဲ့ အဆင့်သတ်မှတ်ချက်ဟာ အောက်သွေး ၉၀ အပေါ်သွေး ၁၄၀ သပ်မှတ် ထားရှိရာကနေ အောက်သွေး ၈၀ အပေါ်သွေး ၁၃၀ ပြောင်းလဲ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

လေ့လာတွေ့ရှိချက် အသစ်တွေအရ ၂၀၀၃ ခုနှစ် က အမေရိကန်ပြည်ထောင်စုရဲ့ သွေးတိုးရောဂါနဲ့ ကုသရေး လမ်းညွှန်ချက်ပါ သတ်မှတ်ချက် ကိန်း ဂဏန်းကို ပထမဆုံးအကြိမ် ပြောင်းလဲ သတ်မှတ်လိုက်တာလည်း ဖြစ်ပါတယ်။

အခုလိုပြောင်းလဲ သတ်မှတ်လိုက်ခြင်းကြောင့် သွေးတိုးရောဂါကို စောစီးစွာကြိုတင် သိရှိနိုင်ပြီး ကြိုတင်ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ