နေပြည်တော် နိုဝင်ဘာ ၃
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၅ နာရီ မိနစ် ၅ဝ က ဗောဓိကုန်း အမြန်လမ်းပိုင်း၌ Canter ယာဉ်မှToyota Hiace ယာဉ်အားဝင်တိုက်ခြင်း၊ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က ပေပင်လေး အမြန် လမ်းအပိုင်း မိုင်တိုင် ၂၆၇/၃ နှင့် ၂၆၇/၄ အကြားတွင် ယာဉ်မောင်း ဥက္ကာကျော် မောင်းနှင်လာသော Landcruiser အနက်ရောင် မော်တော်ယာဉ်မှ မော်တော်ဆိုင်ကယ်အား ဝင်တိုက်မိခြင်း၊ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က ဘောနီ အမြန်လမ်းအပိုင်း မိုင်တိုင်အမှတ် ၄၉/၂ အနီး ယာဉ်မောင်း စိုးကျော်သူ မောင်းနှင်လာသောCaldina မော်တော်ယာဉ်မှာ ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်သို့ တိမ်းမှောက်ခဲ့၍ တနေ့ အတွင်း ယာဉ် မတော်တဆမှုသုံးကြိမ်ဖြစ်ခဲ့ကြောင်း သိရသည်။
ပထမဖြစ်စဉ်တွင်Toyota Hiace ယာဉ်ပေါ်မှ လေးဦး၊Canter ယာဉ်ပေါ်မှနှစ်ဦး ပေါင်းခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။
ဒုတိယဖြစ်စဉ်တွင် ဆိုင်ကယ်မောင်းနှင်သူမှာ ဒဏ်ရာရရှိခဲ့ပြီးLandcruiser ယာဉ်မှာ အနည်းငယ်ပျက်စီးသွားသည်။
တတိယဖြစ်စဉ်တွင် Caldinaယာဉ်မှာ ပက်လက်လန် အနေအထား တိမ်းမှောက်ခဲ့သော်လည်း ယာဉ်ပေါ်ပါရှိသူ ငါးဦးမှာ ဒဏ်ရာရရှိခဲ့ခြင်းမရှိချေ။
ဒဏ်ရာရရှိသူများအား အမြန်လမ်းရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်များနှင့် နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ပေးခဲ့သည်။
သို့ပါ၍ ယာဉ်ကို မဆင်မခြင် ပေါ့ဆစွာမောင်းနှင်သူ ယာဉ်မောင်းများနှင့် အမြန်လမ်းပေါ်တွင် ဆိုင်ကယ်စီးနင်းခွင့်မရှိဘဲ စီးနင်းသူအား သက်ဆိုင်ရာက အမှုဖွင့်ရေးယူထားကြောင်း သိရသည်။
သန်းဦး(လေးမျက်နှာ) ဓာတ်ပုံ-အမြန်လမ်းရဲတပ်ဖွဲ့
The Mirror Daily
https://www.facebook.com/TheMirrorDaily
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ယာဉ်မတော်တဆမှု သုံးကြိမ် ဖြစ်ပွား
Reviewed by THITHTOOLWIN
on
09:30
Rating:
